☕15☕

1.4K 115 26
                                    

Unicode

မေမေတို့ လက်ဖွဲ့ထားတဲ့ မဂ်လာလက်ဖွဲ့ကားကြီးဖြင့် နှစ်ဖက်မိဘပေါင်းပြီးဝယ်ပေးထားတဲ့ အိမ်သစ်သို့ထွက်လာလိုက်သည်။

အိမ်သစ်က အရမ်းဝေးလွန်းလို့ ထယ်ယောင်းရီချင်သွားရသည်။

အခုအိမ်သစ်က မေမေတို့အိမ်သွားမယ်ဆိုဆယ်မိနစ်လောက်သာ လမ်းလျှောက်ရပြီး ဂျောင်ဂုတို့အမေအိမ်သွားမယ်ဆိုလဲ ဆယ်မိနစ်လောက်သာလျှောက်ရမှာဖြစ်သည်။

အိမ်ကတော့ လုံးချင်အိမ်ကိုမှ ထယ်ယောင်းကြိုက်တဲ့ အညိုရောင်ဆေးသုတ်ထားသည်။

ခြံထဲတွင်တော့ ပန်းပင်လှလှလေးတွေ စိုက်ထားကာ အိမ်လေးကချစ်ဖို့ကောင်းသည်။

ကားပေါ်က ဆင်းလာတော့ သူငယ်ချင်းငါးယောက် လက်ဖွဲ့ပေးလိုက်တော့ ဘူးတွေအားယူလာရင်း ကျန်တဲ့လက်ဖွဲ့တွေကိုတော့ အခြားကားနဲ့သယ်လာခိုင်းလိုက်သည်။

အိမ်ထဲဝင်ဝင်ချင်း အတွင်းဘက်မှာပါ အညိုရောင်ဆေးသုတ်ထားတာကြောင့် ထယ်ယောင်းပြုံးမိသွားသည်။

လှလိုက်တာ သူအရမ်းကြိုက်တဲ့အရောင်လေး...။

သူတို့အိမ်ထဲဝင်ဝင်ချင်းပင် ရွာသွန်းလာသောမိုးကြောင့် ခြံထဲတွင်ထားခဲ့သော လက်ဖွဲ့များရေမစိုရန် ဂျောင်ဂုနဲ့ထယ်ယောင်း ​​အပြေးအလွှားသွားယူရင်း နောက်ဆုံးဘူးသွားသယ်ချိန် ဘောင်းဘီစနင်းမိကာ ထယ်ယောင်းလဲသွားကာ ဘူးထဲက လက်ဖွဲ့ ပစ္စည်းတွေပါမှောက်သွားတာကြောင့် လိုက်ကောက်မလို ခါးထိသွားတာကြောင့် ထယ်ယောင်းညိမ်နေတုန်း ဂျောင်ဂူကထွက်လာတာကြောင့် လှမ်းကောက်ခိုင်းရန်ခေါ်ရပြန်သည်။

"ဂျောင်ဂု ငါခါးနာသွားလို့ ပစ္စည်းဝိုင်းကောက်ပေးပါဉီး..."

ဂျောင်ဂုလဲ လှမ်းကောက်လိုက်ရင်းမှ ကြည့်လိုက်တော့ စတော်ဘယ်ရီအရသာကွန်ဒုံးတွေ...အနည်းဆုံးအခု၁၀၀လောက်ရှိမည် ငါးကောင်ထဲက တစ်ကောင်ကောင်ဆေးထိုးလိုက်မှန်း ဂျောင်ဂုသဘောပေါက်သွားရကာ ဂျောင်ဂုထယ်ယောင်းရှေ့ ဒူးတစ်ဖက်ထောက်ချပြီး ထိုင်လိုက်ကာ...။

"ခင်ဗျား စတော်ဘယ်ရီ သကြားလုံးထုတ်ထင်နေတာလား...ဒါကို...."

ခုနခါးနာနေတဲ့ အရှိန်ကြောင့် ပြုတ်ကျသွားတဲ့ ပစည်းတွေပဲမြင်လိုက်ကာ ဘာမှန်းမသိသောကြောင့် ဂျောင်ဂုလက်ထဲကဟာကိုကြည့်လိုက်တော့ ထယ်ယောင်းလန့်သွားသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now