☕10☕

2.2K 152 76
                                    

Unicode

ဂျောင်ဂု ထယ်ယောင်းအိမ်က ပြန်လာတော့ ထယ်ယောင်းမောင်းထုတ်လိုက်တာကို တွေးရင်း ဒေါသထွက်လွန်း၍ ကလပ်ကိုသာထွက်ခဲ့လိုက်သည်။

မုန်းဖို့ကောင်းလိုက်တာ စေတနာကိုစော်ကားလွန်းတယ်ဒီလူ...။

ဂျောင်ဂုတစ်ခွက်ပြီး တစ်ခွက်ဆက်တိုက်သောက်နေတာ ကောင်မလေးတွေခေါ်ဖို့ပင် မေ့လျော့နေသည်။

"ရို့...တစ်ယောက်ထဲလား ကိုယ့်လူ..."

ဂျောင်ဂုသောက်နေရင်း သူ့အားစကားလှမ်းပြောတဲ့သူ့ကိုကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းကို ဆွဲလားရမ်းလားလုပ်တဲ့သူဖြစ်နေသည်။

စိတ်တိုနေတာကြောင့် ဘာမှမပြောချင်၍ မသိချင်ယောင်ဆောင်နေလိုက်သည်။

" အရက်တွေလာသောက်ပုံအရ အလှလေးပစ်တာခံလိုက်ရပြီပဲ အဲ့ဒါကြောင့် အပြောမကြီးနဲ့ပြောတာ ကိုယ့်လူရဲ့..."

ဒေါသထွက်နေပါတယိဆို ကင်မ်ထယ်ယောင်းနာမည်ပါလာတာကြောင့် ပို၍ပင်ဒေါသထွက်သွားရသည်။

" ကျစ် ခင်ဗျားပါးစပ်ပိတ်ပီး လစ်တော့ စောက်ပိုတွေလာပြောမနေနဲ့..."

" အဲ့ဒါကြောင့် ကိုယ်ပြောသလိုလုပ် မင်းကငယ်သေးတယ်ကောင်လေး မင်းကောင်လေးအလှလေးကို ကိုယ့်ကိုပေးလိုက်..."

ကင်မ်ထယ်ယောင်းကို ငါ့စီကလာတောင်းနေတာလားဒီလူ ...။

ဂျောင်ဂုရဲ့သည်းခံနိုင်စွမ်း ကုန်လွန်သွားရကာ ဘေးကဝိုင်ပုလင်းနဲ့ ရှေ့ကကောင်ခေါင်းအားရိုက်ခွဲလိုက်သည်။

အသံအကျယ်ကြီးနဲ့အတူ ကလပ်ထဲကလူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားရကာ အားလုံးကဂျောင်ဂုနဲ့ထိုလူအား ဝိုင်းကြည့်နေကျသည်။

ထိုလူကပြန်မထနိုင်တော့ပဲ တနေရာရာကိုဖုန်းဆက်နေသည်။

မကြာခင်မှာပဲ ကလပ်ထဲတွင် ရဲတွေရောက်လာပြီး ဂျောင်ဂုအား လက်ထိပ်ခက်ကာ ခေါ်သွားသည်။

ခေါင်းပဲရိုက်ခွဲရသေးတယ် ငကြောက်ကရဲပါခေါ်လိုက်သေးတယ်...။

မာမီနဲ့ဒယ်ဒီက အလုပ်ကိစ္စနဲ့ ခရီးသွားနေသောကြောင့် အနှောက်အယှက်မပေးချင်သောကြောင့်ဖြစ်သည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now