☕9☕

2K 153 67
                                    

Unicode

ထယ်ယောင်းသတိရလာတော့ မင်ဂူးကထယ်ယောင်းကုတင်ဘေးတွင် ထိုင်နေသည်။

ပထမဆုံးမြင်လိုက်ရတဲ့သူက မင်ဂူးဖြစ်နေပေမဲ့ ခါတိုင်းလိုမင်ဂူးအားကြည့်မရဖြစ်မနေပါ...။

"ထယ်....နိုးလာပြီလား ထယ်နိုးလာတာအတော်ပဲ ကိုယ်အဒေါ်ကြီးကို နို့ဆန့်ပြုတ်လုပ်ခိုင်းထားတာအခုပဲယူလာတာ ပူနေတုန်းမို့သောက်လိုက်နော် ရေလဲအဆင်သင့်ခပ်ပေးထားတယ်...."

တရပ်စပ်ပြောနေသော မင်ဂူးကို...။

"ကျွန်တော် အိပ်ယာပေါ်ဘယ်လိုရောက်လာတာလဲ?"

"ထယ်က အဖျားကြီးပြီးလှေကားအဆင်းမှာ မူးလဲကျသွားတာ ကိုယ်ပွေ့ချီပြီခေါ်လာပေးတာ သက်သာသွားပြီလား နို့ဆန်ပြုတ်စားလိုက်ပြီးရင် ဆေးသောက်ရမယ် နေအုံးကိုယ်အန်တီကို သွားခေါ်လိုက်ဉီးမယ်..."

ထပ်ပြီးတော့ တရပ်စပ်ပြောချင်ရာပြောပြီး ထထွက်သွားမလို့လုပ်နေတဲ့ မင်ဂူးအကျီစအားထယ်ယောင်းလှမ်းဆွဲလိုက်ကာ...။

"ကျေးဇူးတင်ပါတယ် မင်ဂူး..."

" မလိုပါဘူး ကုိယ်တို့ကမိသားစုတွေပဲ..."

မင်ဂူးက ထယ်ယောင်းအား ပြုံးပြသွားကာ အခန်းပြင်သို့ထွက်သွားကာ မေမေအားသွားခေါ်သည်။

ဗိုက်ကလစ်ဟာနေကာ ဆာလောင်နေသောကြောင့် မင်ဂူးပြောတဲ့ နို့ဆန်ပြုတ်ကိုသောက်နေတုန်း ဖုန်းလာတာကြောင့် ဖုန်းကိုယူကြည့်နေလိုက် နံပတ်စမ်း အလုပ်အပ်တဲ့သူဖြစ်နိုင်တာကြောင့် ထယ်ယောင်းဖုန်းကိုင်မလို့လုပ်တုန်း တစ်ဖက်ကဖုန်းကချသွားတာကြောင့် ထယ်ယောင်းလဲဟိုဘက်ကလိုရင် ပြန်ဆက်မှာပဲဆိုပြီး ပြန်မဆက်တော့ပဲ နို့ဆန်ပြုတ်သာစားနေတုန်း မေမေဝင်လာပြီး မေမေအနောက်တွင်တော့ မင်ဂူးက ဆေးနဲ့ရေခွက်ကိုကိုင်ဆောင်လာသည်။

ထယ်ယောင်းလဲ မင်ဂူးပေးတဲ့ဆေးနဲ့ရေကိုသောက်လိုက်ပြီး မေမေနဲ့စကားပြောနေတုန်း အိမ်ရှေ့ကဘဲလ်တီးသံကြားရပြီးနောက် ထယ်ယောင်းအခန်းအားတံခါးလာခေါက်တော့ ထယ်ယောင်းမျက်လုံးတွေ အခန်းပေါက်ရောက်သွားရပြီး မင်ဂူးကတံခါးသွားဖွင့်ပြီး မြင်လိုက်ရတဲ့ဖေဖေ့နောက်က မျက်နှာကြောင့် ထယ်ယောင်းမျက်နှာတည်တင်းသွားရသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now