Unicode
ကားထဲတွင် ထယ်ယောင်းရော ဂျောင်ဂုရော စကားမပြောသဖြင့် ကားထဲတွင်အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။
တောက်...တောက်...။
ဂျောင်ဂုလက်က အငြိမ်မနေပဲ ကားမှန်ကိုတောက်နေတာကြောင့်...။
"လက်ကိုငြိမ်ငြိမ်ထား..."
ထယ်ယောင်းပြောလိုက်တော့ ရွဲ့ကာ ပို၍ပင်လုပ်ပြသေးသည်။
ထယ်ယောင်းလဲ ထပ်ပြောရင် ရန်ဖြစ်ရမှာမို့ ပြန်မပြောတော့ပဲ ဂျောင်ဂုအိမ်ရှေ့ထိလိုက်ပို့ပေးလိုက်သည်။
ကားထဲက ဂျောင်ဂုဆင်းသွားပြီးနောက်... ။
" ကင်မ်ထယ်ယောင်း..."
"ပြော..."
"မနက်ဖြန် ၉နာရီကျ လာခေါ်မယ် ဝတ်စုံသွားချုပ်ရမယ်..."
"အင်း...လာခေါ်လိုက်..."
"ခင်ဗျားသက်သာသွားပြီလား..."
ဖြူဖျော့နေတဲ့ ထယ်ယောင်းပုံစံအား ဂျောင်ဂုကြည့်မိ၍ ပြောလိုက်ခြင်းဖြစ်သည်။
"မကောင်းဘူးလေ မင်းကမင်းအနားမှာရှိတဲ့သူတွေ တစ်ယောက်မှအေးဆေးမနေရအောင် မွှေလွန်းတယ်..."
"ခင်ဗျား လစ်တော့ ရန်မဖြစ်ချင်ဘူး..."
"မင်း မပြောလဲသွားမှာငါက..."
ဂျောင်ဂုကို ထယ်ယောင်းပြန်ပြောလိုက်ပြီး ကားမောင်းထွက်လာလိုက်သည်။
သူ့အားညကြီး အချုပ်ထဲကနေထုတ်ပေးခဲ့သည့် ထယ်ယောင်းကို လူမှုရေးအရ ကျေးဇူးတင်စကားတောင်းမပြောဘူး ဘယ်လိုအရိုင်းအဆိုင်းပါလိမ့်?
သူပုံစံကအရင်ထဲက အဲ့အတိုင်းပဲလေ ကူညီမိတဲ့ငါပဲမှားပါတယ်...။
ထယ်ယောင်းအိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ မေမေနဲ့မင်ဂူးကြောင့် ခြေလှမ်းတေွရပ်တန့်သွားရသည်။
" ဘယ်ကပြန်လာတာလဲထယ်...ညနက်နေပီလေ..."
"ဂျောင်ဂုနဲ့ မုန့်သွားစားတာ..."
ထယ်ယောင်း လိမ်လိုက်တာ အချုပ်ထဲကသွားထုတ်ခဲ့ရတာက ပြောပြလို့ကောင်းတဲ့အရာလဲမဟုတ်တာကြောင့်ပင်...သူသာမေမေကို ဂျောင်ဂုအချုပ်ခန်းအကြောင်းပြောပြလိုက်ရင် မေမေကနေဖေဖေ ဖေဖေကနေတဆင့်ဂျောင်ဂု မိဘတွေသိသွားရင် သူ့ကိုတိုင်ပါတယ်ဆိုပြီး လူဆိုးကောင်က ရန်ရှာနိုင်သည်။

YOU ARE READING
♡Marriage in rainy season♡(Completed )
Romance"မင်းငါ့ကိုမချစ်လဲ လက်ထပ်ရမယ်..." Kim Taehyung × Jeon jungkook Top-Jeon jungkook botton-Kim Taehyung start date-12.5.2024 end date-2.6.2024