☕3☕

2.5K 155 33
                                    

Unicode

သူ့ကိုဆိုင်ထဲတွင် တစ်ယောက်ထဲထားခဲ့ကာ ထွက်သွားသော ထိုလူကြောင့် ဆိုင်ထဲတွင် ဟက်ကော့ကြီးကျန်ခဲ့ရသည်။

ဆိုင်ဝန်ထမ်းတွေက မုန့်လာချပေးတော့ ဟိုလူကလဲထွက်သွားပြီဖြစ်တာကြောင့် ပိုက်ဆံရှင်းကာသာ ဆိုင်ထဲကထွက်လာလိုက်သည်။

ဒီနေ့က သူငယ်ချင်းဖြစ်သူ ဂျီမင်း နဲ့ ဟိုဆော့ အမေရိကန်ကို အလည်သွားတာ ပြန်လာမှာမို့သွားကြိုရမည်ဖြစ်သည်။

ဂျောင်ဂုလဲ လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။

လေဆိပ်ရောက်တော့ အရှေ့နားလောက်တွင် ရပ်ကာ...စောင့်နေလိုက်သည်။

ဂျီမင်းနဲ့ဟိုဆော့ကိုစောင့်နေရင်း အရှေ့နားတွင် ကင်မ်ထယ်ယောင်းကို တွေ့လိုက်ရသောကြောင့် ဘာရယ်မဟုတ်ကြည့်မိလိုက်သည်။

ထိုလူက သူထက်ထွားကာ ထောင်ထောင်မောင်းမောင်းနဲ့ ရင်ခွင်ထဲပစ်ဝင်သွားသဖြင့် ဂျောင်ဂုမျက်ခုံးပင့်မိသွားသည်။

သူ့ကိုကျ စားသောက်ဆိုင်ထဲတွင် မတူသလိုမတန်သလိုပြောကာ ထားခဲ့ပြီး အဲ့လူကသူနဲ့ဘယ်လိုပတ်သက်ပါလိမ့်...။

ဂျောင်ဂု ကင်မ်ထယ်ယောင်းနဲ့သူဘေးက လူကိုကြည့်နေတုန်း အနောက်ကနေ ခေါင်းအားရိုက်ချလိုက်သောကြောင့် ကင်မ်ထယ်ယောင်းစီမှအကြည့်လွှဲကာ အနောက်သို့လှည့်လိုက်မှ...။

"ဘာတွေငေးနေလို့ သူငယ်ချင်းတွေကိုမတွေးရတာလဲ ေဟျာင့်..."

"ဂျီမင်း နာတယ်ကွ...ဘယ်မှမကြည့်ဘူး မင်းတို့ကိုပဲရှာနေတာ..."

"လိမ်တာကွာ အပေါက်ကအနောက်ဘက်မှာလေ..."

"ထားပါတော့...ဟာ နမ်ဂျွန်းဟျောင်းမလား အဲ့ဒါ..."

ဟိုဆော့ပြောတော့ ဂျီမင်းက အရှေ့ဘက်ကိုကြည့်ကာ ...။

" ဟုတ်သားပဲ ဟျောင်းကို သွားနှုတ်ဆက်ရအောင်...."

ဂျောင်ဂုသည် ဘုမသိဘမသိနဲ့ ဂျီမင်းဆွဲခေါ်ရာနောက်ပါလာသည်။

ထယ်ယောင်းတစ်ယောက် ဂျွန်ဂျောင်ဂုစီက ထွက်လာပြီးတော့ လေဆိပ်တွင် နမ်ဂျွန်းအားလာကြိုရသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now