☕6☕

2.1K 149 52
                                    

Unicode

ထယ်ယောင်းမနက်အစောကြီးထကာ ရေမိုးချိုးဖြစ်သည်။

ဒီနေ့ကဂျွန်ဂျောင်ဂုနဲ့အတူ လက်စွပ်နဲ့လိုတာတွေသွားဝယ်ရမဲ့နေ့မို့ဖြစ်သည်။

နောက်ကျတာတွေ တစ်ဖက်လူက စောင့်နေရတာတွေမကြိုက်တဲ့ထယ်ယောင်းက စောစောစီးစီထခြင်းဖြစ်သည်။

ထယ်ယောင်းသည် အလုပ်တက်ရတဲ့ရက်တွေတွေရှပ်တွေဝတ်တာများသော်လည်း အိမ်နေရင်းဆို ဆွယ်တာတွေဝတ်တာများသည်။

ထယ်ယောင်းက ဆွယ်တာဝတ်ရတာကြိုက်သောကြောင့် ဖြစ်သည်။

အခုလဲဂျောင်ဂုနဲ့သွားတွေ့ရင်ဝတ်ဖို့ဆိုပြီး မေမေဝယ်ပေးထားတဲ့ ဆွယ်တာပန်းရောင်လေးကို စတုိင်ပန်နို့နှစ်ရောင် ဖြစ်တွဲဝတ်ကာ မှန်ရှေ့တွင် ခေါင်းဖြီးကာ ပန်းအနံ့သင်းသင်းလေးဖြစ်တဲ့ ရေမွှေးအားဆွတ်ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။

အောက်ထပ်ရောက်တော့ မင်ဂူးနဲ့စကားပြောနေတဲ့ ဂျွန်ဂျောင်ဂုကြောင့် ထယ်ယောင်း မျက်ခုံးပင့်မိသွားသည်။

ဒီနေ့ထယ်ယောင်းက နောက်ကျသွားတာလား...တမင်စောစီးထတာတောင်လေ...။

" ထယ်လေးတောင် ဆင်းလာပြီပဲ..."

ထယ်ယောင်းဘက်ကို ဂျောင်ဂုကကျောပေးထားတာကြောင့် မင်ဂူးကထယ်ယောင်းကိုအရင်မြင်သွားသည်။

မင်ဂူးပြောလိုက်မှ ဂျောင်ဂုကအနောက်လှည့်ကြည့်သည်။

" ခင်ဗျား နောက်ကျတယ်နော်..."

"ငါကအချိန်အတိအကျပဲ မင်းကစောနေတာ..."

ထယ်ယောင်းရဲ့ ချေပမှုကြောင့် ဂျောင်ဂုဘာမှဆက်မပြောတော့...။

" မယူရသေးဘူး ဒီလိုစကားနာထိုးနေလို့ဖြစ်မလား ထယ်လေး..."

မင်ဂူးက ထယ်ယောင်း ခနာကိုယ်အား အပေါ်အောက်ကြည့်ကာ ပြောနေတာကို ဂျောင်ဂုသတိထားမိသည်။

ဒီကောင်ဘာလား ကင်မ်ထယ်ယောင်းကိုကြိုက်နေတာလား...။

"သွားရအောင်..."

ဂျောင်ဂုသည် ထယ်ယောင်း လက်ကိုဆွဲကာ အိမ်ထဲမှခေါ်ထုတ်သွားသည်။

♡Marriage in rainy season♡(Completed )Where stories live. Discover now