☕2☕

2.8K 168 66
                                    

Unicode

ထယ်ယောင်းတစ်ယောက် မနေ့ညက မအိပ်ခင်ကော်ဖီသောက်မိသွားတာကြောင့် တစ်ညလုံးနီးပါး မျက်စိကြောင်နေကာ အိပ်မပျော်ခဲ့...။

ဘယ်လိုမှအိပ်လိုမရမဲ့ တူတူထလိုက်ပြီး ကုတင်ဘေးက စားပွဲပုလေးပေါ်မှာထားထားတဲ့ နာဂီကိုကြည့်လိုက်တော့ မနက်၅နာရီ...။

၈နာရီကျ Mr's Jeonရဲ့ သားဖြစ်သူနဲ့သွားတွေ့ရမှာမို့ ပြန်မအိပ်တော့ပဲ ရေမိုးချိုးလိုက်ပြီး အဝတ်ဗီဒိုနားသွားကာ အဝတ်ထုတ်ရတော့သည်။

long code အညိုအားအထဲက ဆွယ်တာအသားရောင်လေးနဲ့ စတုိင်ပန်ဘောင်းဘီဖြစ်တွဲဝတ်လိုက်သည်။

မှန်အရှေ့တွင် ေခါင်းဖြီးလိုက်ပြီး ရေမွှေးစွတ်ကာ အောက်ထပ်သို့ မနက်စာစားရန်ဆင်းလာလိုက်သည်။

အောက်ထပ်ရောက်တော့ နာရီကြည့်လိုက်တော့ ၆နာရီခွဲနေပြီဖြစ်သော်ကြောင့် မီးဖိုချောင်နားစီသွားလိုက်တော့ အိမ်အကူအဒေါ်ကြီးက ဟင်းချက်နေတာကြောင့် ထယ်ယောင်းလဲ မနှောက်ယှက်တော့ပဲ ပါမုန့်တစ်ချပ်ယူကာ စတော်ဘယ်ရီယိုသုတ်မလို့ ယူတုန်းရှိသေး ထယ်ယောင်းနားသို့ အဒေါ်ကြီးက ပြာပြာသလဲလဲဖစ်ရောက်လာကာ...။

"သူဌေးလေး ပါမုန့်ယိုသုပ်မလို့လား အဒေါ်ကိုပေး အဒေါ်လုပ်ပေးပါ့မယ်..."

"ရတယ် အဒေါ်ဟင်းသာအေးဆေးချက်ပါ ကျွန်တော်ကိုယ့်ဘာသာ လုပ်လိုက်ပါ့မယ်..."

အဒေါ်ကြီးအား ပြောပြီး ကိုယ့်ဘာသာ ပေါင်မုန့်ယိုသုတ်ကာ စားပွဲတွင် အေးဆေးမုန့်စားနေတုန်း ထယ်ယောင်းနားရောက်လာတဲ့ လီမင်ဂူးကြောင့် စိတ်ညစ်သွားရသည်။

ထယ်ယောင်းလဲ မြန်မြန်စားကာ ထမလို့လုပ်တော့ ထယ်ယောင်းလက်မောင်းကို လှမ်းဆွဲကာ...။

"ထယ် ဆက်စားလေ...ဘာလို့သွားမလို့လုပ်နေတာလဲ..."

"စားပြီးသွားလို့ပေါ့..."

"ဒါနဲ့ အိမ်ထောင်ဘက်သွားတွေ့မှာဆို Mr's jeonရဲ့သားဆို..."

"အင်း ဟုတ်တယ်..."

"ထယ်က သူ့ကိုသဘောမကျဘူးဘို့ ကိုယ်ထင်တယ် ဟုတ်တယ်မလား ..."

"အဲ့ဒါ ကျွန်တော့် ကိစ္စပါ...မင်ဂူးနဲ့ဘာမှမဆိုင်ပါဘူး..."

♡Marriage in rainy season♡(Completed )Where stories live. Discover now