☕17☕

2.1K 147 38
                                    

Unicode

ခြောက်ယောက်သား ဟော့ပေါ့ဝိုင်းချက်ပြီးနောက် စားကျရန် ဂျောင်ဂုကခုံဝိုင်းကြီးခင်းကာ အောက်ခံပြားလေးတွေလိုက်ချကာ ခြောက်ယောက်သား လိုတဲ့ပန်းကန်တွေဇွန်းတွေ ခွက်တွေအအေးတွေယူကာ ထိုင်လိုက်ပြီးနောက်...ခုံပေါ်တွင် ထိုင်နေသော ထယ်ယောင်းကိုဂျောင်ဂုကသွားခေါ်ကာ သူ့ဘေးထိုင်စေသည်။

" ဝါးမွှေးနေတာပဲ ဂျင်ဟျောင်းကို ဒါမျိုးတွေလဲလုပ်တက်မယ်မထင်ထားဘူး မိုက်လိုက်တာ..."

"ငါကအကုန်လုပ်တက်တယ်လေ ..."

"ဂျင်ဟျောင်း နမ်ဂျွန်းကိုမလုပ်ခိုင်းဘူးနော်..."

ဂျောင်ဂုကဝင်​ပြောသည်။

"အမလေးနော် သူ့ကိုသာ ဝင်လုပ်ခိုင်းရင် မင်းအိမ်ပါ မီးလောင်သွားမယ်...ခုတောင် ဟော့ပေါ့ဟင်းရည်အိုးမှောက်လိုက်သေးတာ မင်းမမြင်ဘူးလား..."

ဂျင်အပြောကြောင့် နမ်ဂျွန်းကမျက်နှာငယ်လေးနှင့်ပင်...။

"ဟုတ်သားပဲ..."

" အေးသူ့ကိုသာဆက်လုပ်ခိုင်းရင် အကုန်လုံးငတ်ကျမှာကြိမ်းသေတယ်..."

"ရား မင်ယွန်းဂီ...အသားဖတ်ပဲနှိုက်မနေနဲ့လေ သူခိုးကျင့်သူခိုးကျန်နဲ့...အခြားလူတွေမစားရသေးဘူးကွ..."

"အဲ့ဒါသူတို့ဘာသာ စကားများနေတာလေ ပြီးရင်စားမှာပဲလေ လျှာမရှည်နဲ့..."

"တော်တော့ ရန်မဖြစ်ပဲစားကျတော့..."

ဆော့ဂျင်ပြောလိုက်မှ ဟော့ပေါ့စစားတော့သည်။

ဟော့ပေါ့က စပ်တာကြောင့် ထယ်ယောင်းမျက်ရည်တွေဝဲနေပြီးဖြစ်သည်။

သူကအစပ်မစားနိုင်ဘူးလေ...။

" စပ်နေတာလား..."

"အွန်း..."

ဂျောင်ဂုက ရေခွက်ယူကာ လှမ်းပေးသည်။

"စပ်ရင် မစားနဲ့တော့ ဗိုက်နာမယ်..."

"စပ်လဲ စားချင်သေးတယ်..."

"ဗိုက်နာမယ်လို့ ကင်မ်ထယ်ယောင်းရဲ့..."

"နာရင်နာပါစေ တစ်ခါတစ်လေစားတာပဲလေ..."

♡Marriage in rainy season♡(Completed )Where stories live. Discover now