(အပိုင်း19)

7K 113 4
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း19)

နွေဦးအိမ်ပြန်ရောက်ကတည်းက ထမင်းလည်းမစားပဲအခန်းထဲအောင်းကာတစ်ချိန်လုံးငိုနေတာကြောင့် ဘေးကအစ်မဖြစ်သူကဘယ်လိုမှကြည့်မနေနိုင်တော့ဘာ..

''မေမေတို့ကလည်းနော် ရက်စက်လိုက်တာ ဟိုမှာညီမလေးကိုကြည့်ပါအုံး ထမင်းစားဖို့မပြောနဲ့အခန်းတံခါးတောင်မဖွင့်ပေးတော့ဘူး နည်းနည်းပါးပါးလည်းလျော့ကြပါအုံးလား...''

''ဘာမှလျော့စရာမလိုဘူး ဒီလိုတွေလုပ်နေတာသူ့အတွက်ကြီးပဲ သူကောင်းဖို့အတွက်ပဲလုပ်နေရတာလေ အဲ့တာတောင်သူကဟိုလူမှဟိုလူဖြစ်နေတာ မဖြစ်သေးပါဘူး ဇိုးနဲ့အမြန်ဆုံးကိုစီစဥ်ရမယ်။နင့်ညီမကိုသွားပြောလိုက် တစ်ပတ်အတွင်းစေ့စပ်မယ်လို့''

''မမြန်လွန်းဘူးလား မိန်းမရယ် လျော့ပါအုံးလား''

''အမလေးနော် ရှင့်သမီးကောင်းဖို့အတွက်ပဲလုပ်နေတာမလား မသိရင်ကျွန်မကပဲအပိုတွေလုပ်နေတယ်ဖြစ်အုံးမယ် ရှင်တို့သားအဖတွေကလေ တစ်ပုံစံတည်း၊တစ်လေသံတည်းပဲ သိလား''

''အင်းပါကွာ ဒါမဲ့သမီးငယ်လေးကိုလည်းကြည့်ပေးရအုံးမယ်လေ သူ့သဘောကိုမေးရအုံးမယ်လေ''

''အိုး...ဘာမှမေးစရာမလိုဘူး ခုကိစ္စကသူ့သဘောကိုမေးနေရမဲ့ကိစ္စမဟုတ်ဘူး ကျွန်မစီစဥ်တာကိုပဲသူ့ကိုအသိပေးရမှာ လက်ခံရမှာကသူ့တာဝန် ၊ မိဘကစီစဥ်ပေးတာကိုပဲသူလက်ခံရမယ် ဒါပဲ''

ငွေဝန်းသော်တာရော အဖေဖြစ်သူဘာ ခေါင်းကိုအတူခါယမ်းလိုက်မိကြသည်။
သူ့အမေကစိတ်ကြီးတာကိုလည်းသိသလို၊ညီမငယ်ကလည်းခေါင်းမာတာကိုသိနေတယ်လေ။​စောင့်ကြည့်နေယုံကလွှဲပြီး လဝန်းလဲဘာမှမကူညီနိုင်။

ဒေါက် ဒေါက် ဒေါက် (တံခါးခေါက်သံ)

''နွေဦး ညီမလေး မမလေ ဝင်ခဲ့လို့ရတယ်မလားဟင်''

ချလောက် (တံခါးလော့,ချသံ)

အခန်းတံခါးလော့ကိုချပေးလိုက်တာကြောင့် လဝန်းတံခါးကိုဖွင့်ပြီးဝင်လာခဲ့သည်။

''နွေဦး နေကောင်းရဲ့လား''

''....''

အိပ်ယာပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့နွေဦးကိုတွေ့တာကြောင့် လဝန်းလည်းနွေဦးအနားဝင်ထိုင်ကာ..

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now