Unicode
အခန်းထဲ၌ အသက်မရှူနိုင်လောက်အောင် မွတ်သိပ်သည်အထိ စီးကရက်ငွေ့များဖြင့် ပြည့်နှက်နေသည်။သို့သော် ထိုအခန်းထဲက ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေသော လူတစ်ဦးမှာတော့ ဘာမှမခံစားရသည့်နယ် မီးခိုးငွေ့များကို မမှုပဲ ခပ်ပြုံးပြုံးဖြင့်သာ စီးကရက်ကို သောက်မြဲတိုင်းသောက်နေလေသည်။
ထိုလူဟာ သူရဲ့ဘယ်ဘက်လက်ဖဝါးကို ခဏဖြန့်ထုတ်လိုက်ပြီးနောက် လက်သီးကို ပြန်ဆုပ်ကာ
"အခုချိန်မှာ အားလုံးဟာ ငါရဲ့လက်ခုပ်ထဲက ရေဖြစ်နေပြီ။ငါကြိုးဆွဲရာ ကရမဲ့ ရုပ်သေးလေးတွေဆိုရင်လည်း မမှားဘူးပေါ့......အဟက်"
ထိုလူရဲ့မျက်နှာဟာ ကျေနပ်ပီတိအပြည့်ဖြင့် ပြုံးပျော်နေလေသည်။
"ပွဲက အခုမှစမှာ.....သိပ်ကို ပျော်စရာကောင်းတော့မှာပဲကွာ..."
#Mr.005
Zawgyi
#Mr.005