Unicode
"ဘေဘီ"
ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗလာကျင်းနေေသာ်လည်းအောက်ပိုင်းတွင်တော့ တပတ်တစ်ထည်ကိုခါးတွင်ပတ်ကာ ရေချိုးခန်းမှ ထွက်လာသော ရှောင်းကျန့်။
ရိပေါ်က စာအုပ်ဖတ်နေရင်းမှ ရှောင်းကျန့်၏ခေါ်သံကြောင့် အသံလာရာသို့လှည့်ကြည့်လိုက်ကာ
"ကို....ရေချိုးနေတာ ကြာလိုက်တာ"
ရှောင်းကျန့်က ခပ်ပြုံးပြုံးဖြင့် ရေစိုနေသော ဆံပင်များကို လက်ဖြင့် ခါထုတ်ကာ ရိပေါ်ရှိရာသို့ ရောက်လာပြီး
"ဘေဘီ...ဘယ်ချိန်ကတည်းက ရောက်နေတာလဲ။ကိုယ့်ကို စောင့်နေတာ ကြာပြီလား"
အပြောနဲ့အတူ ရိပေါ်ရဲ့ခေါင်လေးကို ပွတ်သပ်ပြီး နဖူးတွေ၊ပါးတွေကိုလည်း တစ်ရွှတ်ရွှတ်နမ်းလာသည်။
ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့အနမ်းတွေကို ကျေကျေနပ်နပ်ခံယူ၍
"ဟင့်အင်း...မကြာသေးပါဘူး။ခုနကပဲ ရောက်တာ"
"အင်း..."
ရှောင်းကျန့်က နေရာမှထွက်မသွားသေးဘဲ ရိပေါ်ရဲ့နှုတ်ခမ်းတွေကိုပါ နမ်းလာသည်။ရေမပြောင်သေးတဲ့ ရှောင်းကျန့်ရဲ့ဆံပင်တွေကြောင့် ရေစက်များမှာ ရှောင်းကျန့်ရဲ့လှုပ်ရှားနှင့်အတူ ရိပေါ်၏မျက်နှာပေါ်သို့ စီးကျလာတာကြောင့်
"ကို....ခေါင်းကို ရေပြောင်အောင် အရင်သုတ်လေ...နေမကောင်းဖြစ်မယ်"
ရိပေါ်က ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကြီးကို တွန်းဖယ်လိုက်ပေမဲ့ ရှောင်းကျန့်က နေရာမှတစ်ချက်ရွေ့မသွားဘဲ ပိုတိုး၍ဖက်လာကာ
"ငြိမ်ငြိမ်နေကွာ...ကိုယ်နမ်းလို့ မဝသေးဘူး"
"အွင့်....ဟင့်..."
ပြောမရသည့်အဆုံး ရိပေါ်က သူ့၏လက်နှစ်ဖက်ကို ရှောင်းကျန့်၏လည်တိုင်တွင်ချိတ်ဆွဲ၍ အနမ်းများကို ပြန်လည်တုံ့ပြန်မိလေသည်။
"ပြွတ်...ပြွတ်...အင့်.."
" ဘေဘီလေး....ပြွတ်"
ရှောင်းကျန့်က ခါးကိုကိုင်းကာ ရိပေါ်ရဲ့ခေါင်းကို လက်တစ်ဖက်ကနေထိန်း၍ နှုတ်ခမ်းများကို မွတ်မွတ်သိပ်သိပ်နမ်းဆုပ်နေသည့်အပြင် ကျန်လက်တစ်ဖက်ကလည်း ရိပေါ်ရဲ့အင်္ကျီထဲသို့ လျှိုဝင်၍ ကျောပြင်လေးကို အစုန်အဆန်ပွတ်သပ်နေလေသည်။