Part-47

186 19 6
                                    

Unicode

"ရိပေါ်......အပြင်မှာ ဘာတွေလုပ်နေတာလဲ"

ဆံပင်အရှည်များကို စနစ်တကျကျစ်ထားတဲ့ဟန်နာက ရိပေါ်အနားကိုဝင်ထိုင်လာသည်။

"မားမားနဲ့ဖုန်းဆက်နေတာပါ.......ဟန်နာရော နားချိန်ရောက်ပြီလား"

"ဟုတ်......အခုပဲ dutyချိန်ပြီးလို့ ထွက်လာခဲ့တာ။လူနာတွေနဲ့ အဆင်ပြေရဲ့လားဟင်.......ဟန်နာလည်း အလုပ်ရှုပ်နေတာနဲ့ ရိပေါ်နဲ့ကို စကားကောင်းကောင်းမပြောဖြစ်ဘူး။"

"အဆင်ပြေပါတယ်ဗျ...... လူနာတွေရဲ့ကျန်းမာရေး အခြေအနေဆိုးတဲ့အခါမျိုးမှသာ စိတ်ပင်ပန်းရတာပါ"

ရိပေါ်ရဲ့စကားကြောင့် ဟန်နာကပြုံးကာ

"ဒါပေမဲ့ ဟန်နာမြင်တာကတော့ ရိပေါ်က လူနာတွေကို စိုးရိမ်တကြီး စောင့်ရှောက်ပေးနေတတ်တယ်လေ......တကယ်လေးစားမိပါတယ်"

ထိုအခါ ရှက်ပြုံး‌ေလးဖြင့် ရိပေါ်က ခေါင်းကိုကုတ်၍

"ဟန်နာကတော့ ကျွန်တော့်ကို မြှောက်နေပါပြီ......လေးစားရလောက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူးဗျာ"

"ဟန်နာက တကယ်ပြောနေတာပါ။အလုပ်လုပ်တဲ့နေရာမှာ စေတနာပါတယ်၊စိတ်လည်းရှည်တယ်၊လူနာတွေကိုလည်း အပြုံးလေးတွေနဲ့ ဆက်ဆံတတ်တယ်။ရိပေါ်ကို မြင်ရတာ တကယ်စိတ်ချမ်းသာမိတယ် သိလား......"

"ဟန်နာက ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေကို သေချာဂရုထားနေတာပဲ"

ဘာရယ်မဟုတ်.....ရိပေါ်က စကားအဖြစ်သာ စစနောက်နောက်ပြောလိုက်မိပေမဲ့ ထိုစကားကြောင့်ပဲ ဟန်နာ အနည်းငယ်ရှက်မိသွားတော့သည်။ရိပေါ်ကို အမြဲဂရုတစိုက်ကြည့်နေမိတာ အဲ့လောက်တောင် သိသာသွားခဲ့တာလား........

ဆေးရုံကို စရောက်ကတည်းက ဒီပတ်ဝန်းကျင်နဲ့ နေသားကျဖို့ ကြိုးစားနေပုံပေါ်တဲ့ ရိပေါ်က ဘယ်အလုပ်ကိုမဆို မငြီးမငြူလုပ်တတ်ပြီး ဖျတ်လတ်တက်ကြွသည့်လူငယ်တစ်ယောက်ဖြစ်သည်။လူနာတွေအပေါ်ကိုလည်း စိတ်ရှည်တတ်သလို ပြေပြေလည်လည်ဆက်ဆံတတ်သည်။အနေအေးသော်လည်း လူတိုင်းနဲ့ပေါင်းသင်းရခက်သည့် Mr.Puthနဲ့တောင် ရိပေါ်က မိတ်ရင်းဆွေချာလို ပေါင်းသင်းနိုင်သည် ။

Dear Villain(Season2)🏴Where stories live. Discover now