Unicode
အိပ်ရာပေါ်တွင် အေးချမ်းစွာအိပ်စက်နေသောရှောင်းကျန့်ကို ရိပေါ်ထိုင်ကြည့်နေမိသည်။
ခန္ဓာကိုယ်ဟာပုံမှန်ထက် အနည်းငယ်ပိန်ကျသွားပြီး မျက်တွင်းတွေကျနေတဲ့ရှောင်းကျန့်က တော်တော်လေး စိတ်ထိခိုက်ခဲ့ပုံရသည်။အခုချိန်အထိတော့ ရိပေါ်အပေါ်တွင် ပုံမှန်အတိုင်းသာ ဆက်ဆံနေသော်လည်း ဘယ်အချိန်မှာစ၍ စိတ်ဖောက်ပြန်မယ်ဆိုတာ ခန့်မှန်းမရနိုင်ပါ။
ရိပေါ်က ရှောင်းကျန့်မျက်နှာလေးကို ကိုင်လိုက်မိသည်။
"ခဗျားရဲ့ဘဝတစ်လျှောက်လုံးမှာ စိတ်ဝေသနာခံစားခဲ့ရတဲ့အထိ ခက်ခဲကြမ်းတမ်းခဲ့တာလား ရှောင်းကျန့်..."
ကလေးတစ်ယောက်လို အပူပင်ကင်းစွာဖြင့် စိတ်ချလက်ချအိပ်နေသူ ရှောင်းကျန့်ရဲ့နဖူးလေးကို ရိပေါ် တယုတယအနမ်းခြွေလိုက်ပြီး
"ကျွန်တော့်ဘဝတစ်ခုလံုးနဲ့ရင်းပြီး ခဗျားကို ချစ်သွားမှာပါ။ဝမ်းနည်းမှုတွေ၊လုပ်ရပ်အမှားတွေကို မေ့ထားလိုက်ပြီး ကျွန်တော်တို့နှစ်ယောက်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်နော်....."
ထပ်စောင်းအနေဖြင့် ရှောင်းကျန့်ရဲ့နှုတ်ခမ်းေလးကိုပါ နမ်းရင်း ရိပေါ် အသားယူမိလိုက်သည်။
*အနမ်းသူခိုးကို ခွင့်လွှတ်မယ်မဟုတ်လား...ကိုကို...*
ရိပေါ်က ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျပြုံးမိလိုက်ပြီး ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်တစ်ဝက်အထိ ဆောင်ခြုံပေးလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့မိသည်။
အခန်းအပြင်ကိုရောက်တော့ အိမ်တော်ထိန်းကြီးနဲ့ တည့်တည့်တိုးနေတာကြောင့်
"အိမ်တော်ထိန်းကြီး...."
"သခင်လေးကို ငဲ့ကြည့်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် ဆရာလေး...."
အိမ်တော်ထိန်းက ခန္ဓာကိုယ်ကို အရှေ့သို့90°
ညွှတ်ေကွးကာ ရိပေါ်ကို အရိုအသေပေးနေတာကြောင့်"အဲ့လိုမလုပ်ပါနဲ့....ကျေးဇူးတင်စရာလည်း မလိုပါဘူးဗျာ....ဒါဟာ ကျွန်တော်ရဲ့ရွေးချယ်မှုပါ...."