▽Part-42▽

214 15 5
                                    

Unicode


ဤအပိုင်းအား warningပေးပါသည်။Idol Imageထိခိုက်စေလိုခြင်းမရှိပါ။သုံးနှုန်းထားသော စကားလုံးများနဲ့ပက်သတ်၍ ပြဿနာတစ်စုံတစ်ခု ရှိခဲ့ပါက စာရေးသူ၏ အပြစ်သာဖြစ်ပါသည်။

_______________________

ရေပိုက်မှ တစ်တောက်တောက်ကျနေသော ရေစက်များဟာ ရေချိုးခန်းတစ်ခုထဲ၌ ပုံမှန်ကြားရ‌ေသာ အသံဖြစ်သော်လည်း ဆန္ဒမပါဘဲ ရှောင်းကျန့်ရဲ့ပွေ့ချီမှုနှင့်အတူ လိုက်ပါလာရသောရိပေါ်အဖို့ စိတ်ပျက်စရာအလွန်ကောင်းလှသည်။

ခန္ဓာကိုယ်က လှုပ်၍မရအောင်ပင် ပင်ပန်းနွမ်းနယ်နေပါသော်လည်း ရိပေါ်ရဲ့ဦးနှောက်ထဲမှာတော့ မခန့်မှန်းနိုင်တဲ့အခြေအနေတွေကိုသာ စဉ်းစားနေမိပြီး ဒီထက်ပို ဆိုးဆိုးရွားရွားမဖြစ်စေရန်သာ ဆုတောင်းနေမိသည်။

ရိပေါ်ဘက်က ရှောင်းကျန့်ကိုငြင်းလိုက်မိတာ သေရာပါမဲ့ အမှားကြီးတစ်ခုဖြစ်သွားသည်လား.....

ရိပေါ်ရဲ့အချစ်ကို လိမ်ညာ၍ရယူခဲ့ပြီး တစ်ဖက်သားအပေါ်မှာလည်း မသေရုံတမယ်ရိုက်နှက်မှုကြောင့် စိတ်နာ၍သာ ရှောင်းကျန့်ကို လမ်းခွဲစကားပြော၍ ဆက်ဆံရေးတွေရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ခြင်းသာ။

အခုတော့ ဆက်ဆံရေးတွေမပြတ်တောက်သွားသည့်အပြင် ပြန်လမ်းမရှိသည့်နယ် ရိပေါ်အတွက် ဘဝနိဂုံးအချိန်တစ်ခုကို ရောက်နေသလိုပင်။



လက်ရှိမှာ ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လည်ပင်းတွင် သူလက်များကို ချိတ်ထားရပြီး ခေါင်းကိုလည်း ပခုံးပေါ်တွင်မှီထားရသည်။ဒါဟာ ရှောင်းကျန့်နေခိုင်းထားသည့် ပုံစံပင်ဖြစ်သည်။အကယ်၍သာ သူခိုင်းသည့်အတိုင်းမလုပ်ခဲ့ရင် အောက်မှတိုးဝင်မှုကို နှစ်ဆအရှိန်မြှင့်မည်ဟု ရှောင်းကျန့်ကခြိမ်းခြောက်ပါသည်။

နာကျင်မှုနှင့်အတူ ကြောက်ရွံ့နေရသောရိပေါ်အဖို့ ပြန်လည်မဆန့်ကျင်နိုင်ဘဲ သူ့ရဲ့ဆန္ဒတွေကိုလိုက်လျောဖို့သာ တတ်နိုင်ပါသည်။

ရိပေါ်က သူ့ရဲ့အောက်နှုတ်ခမ်းကို အတင်းဖိကိုက်ထားမိသည်။သူချစ်ခဲ့တဲ့ရှောင်းကျန့်က ဒီလောက်ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့တာအမှန်ပင်။ပင်ကိုက ဂျစ်ကပ်ကပ်နဲ့ခေါင်းကြောမာမဲ့ပုံစံဟုသာ လက်ခံခဲ့ပေမဲ့ ဒီလိုမိုက်ရူးရဲဆန်‌နေသည်ကိုတော့ ရိပေါ်မနှစ်သက်ပါ။

Dear Villain(Season2)🏴Where stories live. Discover now