Unicodeလျှို့ဝှက်ဂိုထောင်တစ်ခုထဲ၌ ယောက်ျားသားများစုဝေးနေကြသည်။အားလုံးဟာလည်း အနက်ရောင်ဝတ်စုံများကိုဝတ်ဆင်ထားပြီး ထိုလူများထဲမှ တစ်ယောက်သောသူဟာ အညိုရောင်long coatကို ကွဲပြားစွာဝတ်ဆင်ထားပြီး မျက်မှန်တစ်လက်ကိုပါတပ်ဆင်ထားသည်။
လက်နှစ်ဖက်ကို ပိုက်၍ တစ်ဖက်လူအပေါ်ကြည့်ေနေသာထိုလူ၏အကြည့်ဟာ ရဲတင်းလှသလို လက်ရှိရောက်နေသောနေရာတွင် သူသည်သာဘုရင်အဖြစ် ခံယူထားပုံလည်းရသည်။"ဒီတစ်ခါကိုယ်တွေဘက်က ဝယ်ယူမှုပမာဏဟာ များလွန်းတယ်...ထပ်စောင်းအနေနဲ့ ပစ္စည်းပိုပေးသင့်တယ်မထင်ဘူးလားဗျ.."
လက်ပိုက်နေသူဟာ တစ်ဖက်လူရဲ့စကားကို မလှုပ်မရှပ်ဘဲ ကြည့်နေသလို၊ဘာတစ်ခွန်းမှလည်း ပြန်ဖြေမလာပေ။
Nayအတော်လေးဒေါသထွက်သွားသည်။စီးပွားဖက်ချင်းေတာင် အလိုက်မသိတဲ့သူေကြာင့် ကိုယ့်ဘက်ကနေ ပွင့်ပွင့်လင်းလင်းနဲ့ ထပ်စောင်းတောင်းနေသည်ကို ထိုသူဟာ ဘာမှပြန်မဖြေလာဘဲ ကိုယ်တွေကို အငတ်ကြမ်းလှချည်လားဆိုသည့် စောက်ချိုးနဲ့ကြည့်နေတာဖြစ်သည်။
ဒီလူဟာ Nayတို့ရဲ့လောကမှာ ကျော်ကြားလွန်းသည်။ယခုအချိန်ထိ ဒီလူ့ဆီမှာရနိုင်တဲ့ပစ္စည်းတွေဟာ ဘယ်သူ့လက်ရာမှယှဉ်လို့မရနိုင်အောင် ပြိုင်စံရှားလွန်းသည်။စကားကိုခပ်ပြတ်ပြတ်ပြောတတ်ပြီး ဘဝမြင့်လွန်းတဲ့ ဒီလူဟာ လူမှုဆက်ဆံရေးမှာ အလွန်ညံ့ဖျင်းလွန်းပေမဲ့ အထက်ပါအားသာချက်များကြောင့် ဒီလူနှင့် မည်သူမျှမကင်းနိုင်ကြ။ဒီလူ၏စရိုက်ကိုမနှစ်မျို့ပါသော်လည်း Nayကိုယ်တိုင်လည်း မကင်းနိုင်ေသးပေ။
"နောက်ထပ်တီထွင်နေတဲ့ လက်နက်ဒီဇိုင်းအတွက် ကျွန်တော်တော့ အရမ်းစိတ်လှုပ်ရှားေနမိပြီ Mr.005"
ဘာမှတုံ့ပြန်မလာေသာ်လည်း ပုံမှန်ထက်မျက်နှာတည်တင်းသွားသော Mr.005ေကြာင့် Nayက သူ့စကားကြောင့် အရှိုက်ထိသွားသည်အထင်နှင့် တစ်ချက်ပြုံးလိုက်မိသည်။
"ခဗျားရဲ့လျှို့ဝှက်ချက်တွေကို ကျွန်တော်သိနေလို့ သိပ်အံ့ဩသွားသလားဗျာ...အဟက်"