Unicode
"Hello..ဝမ်ရိပေါ်...တို့တွေ ပြန်ဆုံကြပြန်ပြီ..."
အပြုံးချိုချိုတွေနဲ့ Doctor.Trezaက ရိပေါ်ကို ကြိုဆိုကာ
"ထိုင်ပါ ဝမ်ရိပေါ်...."
Doctorညွှန်ပြသောထိုင်ခုံတွင် ရိပေါ်ကဝင်ထိုင်လိုက်ပြီး
"ကျွန်တော်လာခဲ့တာက ရှောင်းကျန့်ရဲ့လူနာရှင်အနေနဲ့ပါ...ရှောင်းကျန့်ရဲ့ကျန်းမာရေးနဲ့ပက်သတ်တဲ့ အကြောင်းအရာတွေကို ကျွန်တော်သိပါရစေ Doctor...."
Trezaက ရိပေါ်ကိုခေါင်းငြိမ့်ပြလာပြီး
"ကောင်းပါပြီ....တို့က ရှောင်းကျန့်(ခေါ်)Seanရဲ့ စိတ်ကျန်းမာရေးနဲ့ပက်သတ်တဲ့အရာတိုင်းကို တာဝန်ယူထားတဲ့ စိတ်ကျန်းမာရေးအထူးကုတစ်ယောက်ပါ။အခု ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အကြောင်းတွေကို ဘယ်အတိုင်းအတာအထိ သိချင်ပါသလဲ..."
"ရှောင်းကျန့်ကို Doctorစတင်ကုသပေးခဲ့တဲ့အချိန်ကာလကနေစပြီး သိချင်ပါတယ်..."
Trezaက ဝမ်ရိပေါ်ရဲ့တောင်းဆိုမှုကို လက်ခံလိုက်ပြီး
"ရှောင်းကျန့်ရဲ့ကျန်းမာရေးကို စတင်ကုသခဲ့တာက လွန်ခဲ့တဲ့၃နှစ်လောက်ကပါ...အဲ့အချိန်မှာ ရှောင်းကျန့်က အသက်18လောက်ပဲရှိပါသေးတယ်။တို့နဲ့ စတွေ့တဲ့အချိန်မှာ ရှောင်းကျန့်ရဲ့ကျန်းမာရေးက တော်တော်လေးကိုဆိုးရွားနေခဲ့တယ်။စိတ်ဖောက်ပြန်တဲ့အချိန်တွေမှာ ထိန်းချုပ်ရခက်တာမို့ ရှောင်းကျန့်ကို ဆေးရုံရဲ့ အန္တရာယ်ရှိလူနာအဆောင်မှာပဲ ထားခဲ့ရတယ်။ဒီလောက်ထိန်းချုပ်နေတဲ့ကြားထဲမှ ရှောင်းကျန့်က သူ့ကိုယ်သူလည်း အကြိမ်ကြိမ် သတ်သေခဲ့ဖူးပါတယ်...."
ကြားနေရသည့်အကြောင်းအရာများကြောင့် ရိပေါ်မှာ တော်တော်လေးစိတ်မကောင်းဖြစ်မိသွားသည်။
"ရှောင်းကျန့်ရဲ့စိတ်ရောဂါလက္ခဏာတွေအရ ဘယ်အဆင့်လောက်အထိ စိတ်ဝေသနာခံစားနေရတာလဲ Doctor...."
Trezaက ဝမ်ရိပေါ်ရဲ့အမေးကို ချက်ချင်းပြန်မဖြေပဲ စဉ်းစားနေပြီး ခဏအကြာမှ
"အမှန်တော့အစပိုင်းမှာ တို့တွေက ရှောင်းကျန့်ကို psychopath လို့ သတ်မှတ်ခဲ့ကြပါတယ်။ဘယ်သူ့ကိုမှမညှာတာဘဲ အမြဲရန်လိုနေတတ်တဲ့ရှောင်းကျန့်က မထင်ရင်မထင်သလိုလည်း သူ့ကိုယ်သူ ဒဏ်ရာတွေရတဲ့အထိ လုပ်နေတတ်တာကြောင့် အခြေအနေကောင်းတစ်ခုကို ပြန်မနိုင်တော့တဲ့အထိ တို့တွေအားလုံးေတွးထားခဲ့ပြီး ဒီထက်ပိုမဆိုးလာအောင်သာ ထိန်းထားနိုင်ခဲ့တာပါ။ဒါပေမဲ့ ဆေးရုံမှာ1နှစ်နေထိုင်ပြီးနောက်ပိုင်းမှာ မထင်မှတ်ရလောက်အောင် ရှောင်းကျန့်ရဲ့ကျန်းမာရေးက ကောင်းလာခဲ့တယ်။စိတ်တွေတည်ငြိမ်လာပြီး ဆေးရုံကတာဝန်ရှိသူတွေကိုလည်း ပြေပြေလည်လည်ဆက်ဆံလာခဲ့တယ်...ဒီလိုနဲ့ ရှောင်းကျန့်က ဆေးရုံတက်ပြီး2နှစ်အကြာမှာ ကျန်းမာရေးပြန်ကောင်းလာပြီး ဆေးရုံဆင်းနိုင်ခဲ့ပါတယ်"