Unicode
အဖြစ်အပျက်တွေအားလုံးပြီးဆုံးသည့်နောက်တွင် ဝမ်ရိပေါ်မှာ တစ်လတိတိ ဆေးရုံတက်ခဲ့ရသည်။
ဘဝတွင် တစ်ခါလောက်တောင် မစဉ်းစားခဲ့ဖူးသည့်ပြန်ပြေးဆွဲခံရခြင်း၊လူသတ်ခြင်းများကို မျက်စိရှေ့တွင် တွေ့ကြုံခဲ့ရခြင်းဟာ သွေးပြတ်ချင်စရာ အလွန်ကောင်းလှသည်။ထို့ကြောင့် အသိမရှိတော့ဘဲ ကြောင်ကြောင်ဖြစ်သွားခဲ့တဲ့ရိပေါ်ဟာ ဆေးရုံပေါ်တွင် နှစ်ပတ်ကြာလောက်မှ မူလစိတ်အခြေအနေကိုပြန်ရခဲ့ပြီး ကျန်းမာလာခဲ့ခြင်းဖြစ်သည်။
ယခု ဆေးရုံပေါ်မှဆင်း၍ အိမ်ရောက်နေသော်လည်း မိဘနှစ်ပါးနဲ့သူငယ်ချင်းဖြစ်သူ ဖန်ရှင်းတို့က စိုးရိမ်ကြီးစွာဖြင့် ရိပေါ်ကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေကြရှာသည်။ရိပေါ်မှာလည်း ကိုယ့်စိတ်ကိုယ်ကို ေဖြသိမ့်နေပေမဲ့ တခါတလေ ဘာကိုဝမ်းနည်းမိမှန်းမသိ ဖြစ်နေမိသည်။
ထို့နေ့နောက်ပိုင်းထဲက ရှောင်းကျန့်ရဲ့သတင်းတွေကိုလည်း ဘာအစအနမှ မသိရတော့ပေ။ရိပေါ်က မားမားတို့ကိုမမေးမိသလို မားမားတို့ကလည်း ရှောင်းကျန့်နဲ့ပက်သတ်သမျှ ဘာအကြောင်းမှတစ်ခွန်းမဟဘဲ ရိပေါ်စိတ်ချမ်းသာဖို့ကိုသာ ရှေးရှ၍ အာရုံပြောင်းနေကြပုံရပါသည်။
ရိပေါ် အိပ်ရာပေါ်တွင် ခေါင်းအံုးလေးကိုပိုက်ကာ ထိုင်နေမိသည်။အချိန်တွေသာကြာလာပေမဲ့ ကိစ္စတွေဟာ ဒီအတိုင်းဘဲ ပြီးသွားနိုင်ပါ့မလား။
ထို့နေ့က ရဲတွေ၊လက်နက်ကိုင်တွေပါရောက်လာတာကြောင့် ရှောင်းကျန့်ကို လွှတ်မပေးမှာတော့ သေချာသလောက်ရှိသည်။
သူ.....အခုချိန်ဆို ဘာများဖြစ်နေမလဲ။ဒေါက်!ဒေါက်!ဒေါက်!
တံခါးခေါက်သံကြောင့် ရိပေါ် အိပ်ရာပေါ်မှထလိုက်ပြီး တံခါးဖွင့်ပေးမိတော့ မားမားဖြစ်နေလေသည်။
"သား.... အိမ်အောက်မှာ အမျိုးသမီးဧည့်သည်တစ်ယောက်ရောက်နေတယ်....သားနဲ့စကားပြောချင်လို့တဲ့..."
မျက်နှာမကြည်မသာဖြစ်နေသောမားမားက ရိပေါ်အတွက် အတော်လေးစိုးရိမ်နေပုံရတာကြောင့် ရိပေါ်က မားမားရဲ့လက်များကို ဆုပ်ကိုင်ကာ အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။