Unicode
"ဝမ်ရိပေါ်"
မထင်မှတ်ထားပဲ သူတို့ရဲ့နောက်မှ ဝမ်ရိပေါ်ကိုမြင်လိုက်ရတာကြောင့် သူတို့၄ယောက်လုံး ထိတ်လန့်သွားကြသည်။
ရိပေါ်ကိုမြင်မြင်ချင်းတော့ ရှောင်းကျန့်ကမျက်နှာပျက်နေပေမဲ့ ချက်ချင်းဆိုသလို မျက်နှာကိုထိန်းကာ သူမဟုတ်သလို ရိပေါ်အနားကိုလာ၍ ပုံမှန်လေသံဖြင့်
"ဘေဘီ....ဘယ်တုန်းကတည်းကရောက်နေတာလဲ။ကိုယ့်ကိုလည်း ဘာမှကြိုမပြောဘူး။"
ရိပေါ်တကယ်ပင် အံ့ဩမိလေသည်။
ရှောင်းကျန့်က ဒီလောက်တောင် မျက်နှာပြောင်ပြီး ဟန်ဆောင်ကောင်းတာလား။"ဘေဘီ....ဘာစားခဲ့ပြီးပြီလဲ။ကိုယ်နဲ့အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်လေနော်"
ရှောင်းကျန့်က ပြောပြောဆိုဆိုဖြင့် ရိပေါ်ရဲ့ညာဖက်လက်ကိုလှမ်းဆွဲလိုက်ပေမဲ့ ချက်ချင်းဆိုသလို ရိပေါ်က ကမ်းလာသောလက်ကိုရိုက်ချလိုက်ကာ
"ခဗျား ကျွန်တော့်အသားကိုမထိနဲ့ ရှောင်းကျန့်....."
ရင့်သီးလှတဲ့ ရိပေါ်ရဲ့တုံ့ပြန်မှုကြောင့် ရှောင်းကျန့်ရဲ့ဟန်ဆောင်ထားသောမျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့သည်။
"တောက်!!!!!! ခဗျားမို့လို့ လုပ်ရက်တယ်"
ဒေါသထွက်လွန်းတာကြောင့် ရိပေါ်ရင်ထဲ၌ အောင့်သက်သက်ခံစားနေရသည်။ဒီလောက်ထိ ဒေါသတစ်ခါမှမဖြစ်ဖူးပေ။
မထင်မှတ်ဘဲသိလိုက်ရတဲ့အဖြစ်မှန်ကြောင့် သူ့အချစ်ကို စော်ကားတဲ့ရှောင်းကျန့်ကို စိတ်နာမိသလို ဒီလောက်လှည့်စားခံနေရတာတောင်မသိဘဲ ရှောင်းကျန့်ကို ဘဝကြီးနဲ့ရင်းပြီး ချစ်နေမိတဲ့ ကိုယ့်ကိုယ်လည်း အရမ်းပဲဒေါသထွက်မိသည်။
ရိပေါ်ရဲ့ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလှည့်စားဖူးသလို လိမ်၍လည်း မပြောခဲ့ဖူးပေ။
အခု....အခုတော့ ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့် ဒီလိုအဖြစ်မျိုးကိုကြုံနေရတာလဲ။
"သိပ်မုန်းတယ်......ရှောင်းကျန့်ကို သိပ်မုန်းတယ်!!!!!!"
ရိပေါ်က ရင်ကိုဖိ၍ ဝမ်းနည်းတစ်ကြီးငိုကာ နေရာမှထွက်လာမိစဉ် ရှောင်းကျန့်က အနောက်ကလိုက်လာပြီး ရိပေါ်ရဲ့ခါးကို တင်းနေအောင်ဖက်လိုက်ကာ