Unicode
"ဆရာလေးရိပေါ်"
"............"
"ဆရာလေး..."
အသံနဲ့အတူ ခန္ဓာကိုယ်ကိုပါလှုပ်နှိုးလာတာကြောင့် ရိပေါ်မှာ အလန့်တကြားထထိုင်မိလိုက်သည်။
ထို့အပြင် ရိပေါ်၏မြင်လွှာထဲ၌ မြင်နေရသော အခန်းနှင့် အသုံးဆောင်ပစ္စည်းများမှာ ပြောင်းလဲမသွားဘဲ မူလအတိုင်းသာရှိနေဆဲပင်။
ဒါဆို ရိပေါ်က မသေသေးသလို ယခုအချိန်အထိ ရှောင်းကျန့်လက်ထဲကနေ မလွတ်မြောက်နိုင်သေးဘူးပေါ့။
စိတ်ဓာတ်ကျစွာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ထားလိုက်ပြီး သက်ပြင်းချမိလေသည်။
သူ ဘယ်တော့မှ လွှတ်မြောက်မှာလဲ......."ဆရာလေးရိပေါ်....နေရတာ သက်သာရဲ့လား"
အသံကိုကြားကာမှ လူရှိနေမှန်း ရိပေါ်သတိထားမိလေသည်။အသံပိုင်ရှင်ကိုကြည့်မိကာမှ
"အိမ်တော်ထိန်းဂင်....."
"ဟုတ်ပါတယ်.....ကျွန်တော်ပါ"
ရိပေါ်က ထိန်းတော်ထိန်းဂင်ကိုတွေ့ရတော့ အလွန်ပင်ဝမ်းသာမိသလို ရိပေါ်ဘဝအတွက် မလှပတော့တဲ့
အရိပ်မဲတွေကို သတိရမိပြန်တော့ ချက်ချင်းပဲ ဝမ်းနည်းသွားကာ ငိုကြွေးမိလေသည်။"အိမ်တော်ထိန်း.....ကျွန်တော်....အင့်...ကျွန်တော်...ရှောင်းကျန့်နဲ့......."
"မပြောပါနဲ့တော့ဆရာလေး....ကျွန်တော်အကုန်သိပြီးပါပြီ"
အိမ်တော်ထိန်းဂင်က မျက်နှာမကောင်းစွာဖြင့် ရိပေါ်အနားသို့ တိုးကပ်လာကာ ခါးကို90°ကိုင်းညွှတ်၍
"မငိုပါနဲ့တော့ဆရာလေးရယ်.....ကျွန်တော်ကပဲ သခင်လေးအစားတောင်းပန်ပါရစေ"
မထင်ထားတဲ့ထိန်းတော်ထိန်းဂင်ရဲ့လုပ်ရပ်ကြောင့် ရိပေါ်ကပါးပြင်ပေါ်မှာ ကျဆင်းနေသောမျက်ရည်တွေကိုသုတ်၍
"ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး....ဟင့်။ဒီကိစ္စက အိမ်တော်ထိန်းနဲ့မှမဆိုင်ဘဲ"