Unicode
"မာမီနဲ့ ပြန်ဆုံရတာ ပျော်ရဲ့လား ဘေဘီ"
နံရံတွင်ခေါင်းမှီကာ ရိပေါ်ကိုပြုံးပြနေသောရှောင်းကျန့်က အပြစ်ကင်းစင်သူတစ်ယောက်နယ် ဘာမှမဖြစ်သလိုနေနေသည်။
ရိပေါ်က အံကိုကြိတ်ကာ တီတီIreneရဲ့အလောင်းကို လက်ညှိုးထိုးပြလိုက်ပြီး
"ဒါဘာလုပ်တာလဲ ရှောင်းကျန့်"
ရှောင်းကျန့်က ရိပေါ်ကိုကျော်၍ ဖန်ရေကန်အနားကိုလျှောက်သွားကာ တီတီIreneကိုသေချာကြည့်နေပြီး
"မာမီ့ကို ပုံပျက်မသွားအောင် Formalin(ဖော်မလင်)လို့ခေါ်တဲ့ ကြာရှည်ခံဆေးရည်နဲ့စိမ်ထားတာလေ။ဘယ်လိုလဲ ဘေဘီ...ကိုယ့်ရဲ့မာမီက အရင်အတိုင်း လှနေတုန်းပဲမှတ်လား..."
ရှောင်းကျန့်ရဲ့အဖြေဟာ ရိပေါ်အတွက် သွေးပျက်ချင်စရာကောင်းလွန်းလှသည်။
ရှောင်းကျန့်ဘာတွေလုပ်နေတာလဲ.....သူ့မာမီသေဆံုးခဲ့တာကို အခုချိန်အထိ လက်မခံနိုင်သေးတာလား...."တီတီIreneက သေသွားပြီလေ...."
"ကိုယ်သိတယ်လေ....မာမီသေသွားပြီဆိုတာ...."
"ဒါဆိုဘာလို့ အလောင်းကို မသဂြိုလ်ဘဲ ဒီလိုဝှက်ထားရတာလဲ"
ရှောင်းကျန့်က ရိပေါ်ကို တစ်ချက်ပြုံးပြကာ
"ကိုယ့်ကို ထားမသွားခဲ့ဖို့ မာမီ့ဆီကနေ ကတိတောင်းခဲ့ဖူးတယ်။ဒါပေမဲ့ မာမီက အဲ့ကတိကိုမတည်ခဲ့ဘူး....ကိုယ့်ကိုထားသွားခဲ့တာ..."
"..........."
"ကတိမတည်ဘဲ ထားသွားခဲ့တဲ့ မာမီကိုမုန်းပေမဲ့ ကိုယ်မစွန့်လွှတ်နိုင်ဘူး။ကိုယ် မာမီ့ကို ထွက်သွားခွင့်မပေးနိုင်ဘူး။ဒါကြောင့် မာမီ့ရဲ့bodyကိုသိမ်းထားခဲ့တာပါ။"
ရှောင်းကျန့်က ရိပေါ်ရဲ့အနားသို့ေရာက်လာကာ
"သားတစ်ယောက်ဖြစ်တဲ့ကိုယ်က ဒီလောက်တော့ လုပ်ပိုင်ခွင့်ရှိတယ်မှတ်လား...ဟင်...ဘေဘီ"
ရှောင်းကျန့်က ရိပေါ်ရဲ့လက်ကိုဆွဲယူကာ သူ့ရဲ့ပါးပေါ်တွင်တင်စေပြီး
"ကိုယ့်ရဲ့ဒယ်ဒီကလေ ကိုယ့်ကိုလုံးဝမချစ်ခဲ့ဘူး။ကိုယ့်မာမီကလည်း ကိုယ့်ကိုထားသွားခဲ့ပြီ။ကိုယ့်မှာ ဘယ်သူမှမရှိတော့ပါဘူး....ဒါကြောင့် ကိုယ့်ကိုသနားပါနော် ရိပေါ်...ကိုယ့်ကိုမထားခဲ့ပါနဲ့။ကိုယ့်မှာ မင်းတစ်ယောက်တည်းပဲ ရှိတော့လို့ပါ"