Unicode
ယခုလက်ရှိ ရိပေါ်ရောက်နေတဲ့နေရာဟာ ရိပေါ်တို့ရပ်ကွက်ဘေးက တောထဲမှာရှိတဲ့ ဘုရားဝတ်ရွတ်ကျောင်းမှာပင်ဖြစ်သည်။
ဘဝတွင် တစ်ကြိမ်တစ်ခါသာဆံုခဲ့ဖူးသည့် ရိပေါ်ရဲ့စိတ်နှလုံးကို အေးချမ်းစေခဲ့ပြီး ရှောင်းကျန့်နဲ့ပက်သတ်တဲ့ရှေ့ဖြစ်စဉ်တွေကို ကြိုပြောခဲ့သော အန်တီကို ရိပေါ်လာရှာခြင်းဖြစ်သည်ဆိုလည်း မမှား။
ဘုရားဝတ်ရွတ်ကျောင်း၏ အပြင်မှ အထဲကိုဝင်လာသည့်တိုင် ကြေးစည်သံများ၊ခေါင်းလောင်းသံများနှင့် ဝတ်ရွတ်သံများကိုကြားနေရသည်မှာ အလွန်ပင် စိတ်ကြည်နူးဖွယ်ကောင်းလွန်းလှသည်။
ရိပေါ်ရင်ထဲမှာ ကိန်းအောင်းနေသည့် မွန်းကြပ်နေတဲ့အရာတွေ၊အပြစ်တင်နေမိသော စိတ်အစဉ်တွေဟာ ထိုအသံများကိုကြားရသည့်နောက်တွင် ခဏမျှပျောက်ပျက်သွားပြီး လွတ်မြောက်သွားသလိုပင် ခံစားလိုက်ရသည်။
ကျောင်းဝန်းထဲရောက်တော့ မျက်စိကိုတောင်မြောက်ကစားကာ ထိုအန်တီ့ကို ရိပေါ်ရှာဖွေနေမိသည်။ကျောင်းရဲ့ဧရိယာမှာ မကျယ်လှသလို နေထိုင်သူများဟာလည်း အနည်းငယ်သာ ရှိပုံရသည်။အသက်ကြီးကြီးအရွယ် ဘုန်းတော်ကြီးတစ်ချို့နှင့် အဝတ်အစားများသာ နွမ်းပါးနေသော်လည်း ကြည်လင်တဲ့မျက်နှာရှိသည့် အမျိုးသမီးတချို့ကိုလည်းတွေ့မြင်နေရပေမဲ့ ရှာနေသူရဲ့ နာမည်ကိုမသိတော့ ရိပေါ်မှာ မေးမြန်းရန်အခက်တွေ့နေတော့သည်။
"ဟိုမှာ ကိုကိုတစ်ယောက်....."
အသက်၅နှစ်အရွယ်သာ ရှိသေးတဲ့ကလေးလေးတစ်ယောက်ဟာ အပေါ်အောက် ဝတ်ရုံအဖြူကိုဆင်မြန်းထားပြီး ဆံပင်တွေမရှိသည့်ကတုံးလေးဖြစ်နေသည်။ထိုကလေးလေးက ရိပေါ်ရဲ့လက်ကိုလာဆွဲကာ
"လာ ကိုကို....မယ်တော်ကြီးက စောင့်နေတာ..."
သွားကျိုးလေးများဖြင့် ရိပေါ်ကို ရယ်ပြနေတာကြောင့် တီတီIreneနဲ့တွေ့ဆုံခဲ့စဉ်က ၅နှစ်အရွယ် ရိပေါ်ပေါက်စလေးကိုတောင် ရိပေါ်သတိရသွားမိသည်။
ခပ်ပြုံးပြုံးဖြင့် ကလေးလေးဆွဲရာနောက်ကိုလိုက်ပါခဲ့ပြီး ခပ်လှမ်းလှမ်းတွင် ရှာနေခဲ့ရသူ အန်တီ့ကိုတွေ့လိုက်ရတာကြောင့် ရိပေါ်က ဝမ်းသာမိသွားကာ