Unicode
ရိပေါ် အိမ်ထဲမှအိမ်ပြင်မထွက်ဖြစ်တာ ဒီနေ့နဲ့ဆို သုံးပတ်မြောက်ရှိပေတော့မည်။
စိတ်ဓာတ်တွေ အလဲလဲအပြိုပြိုဖြစ်နေတာနှင့် ဘာမှလည်း မလုပ်မိသလို သွားချင်လာချင်စိတ်လည်းမရှိ။ပါးပါးနဲ့မားမားကတော့ အတိတ်မှာပဲ ရပ်မနေဖို့၊
ပစ္စပ္ပုန်မှာအေကာင်းဆုံးရပ်တည်နေထိုင်ဖို့ အမြဲဆုံးမ၍ အားပေးစကားပြောလေသည်။ဒီလိုမျိုး မိဘတွေက အနောက်မှာအမြဲတမ်းရှိပေးနေတတ်တာလည်း ရိပေါ်ဘဝအတွက် ကံကောင်းခြင်းတစ်မျိုးပင်။"ဒေါက်....ဒေါက်.....သား ...ဖန်ရှင်းလေးရောက်နေတယ်"
မားမားအသံကိုကြားတော့ ရိပေါ်မှာအိပ်ယာထဲလဲနေရာမှ ခေါင်းထောင်ကြည့်မိလေသည်။
"မျက်နှာလေးတော့သစ်လိုက်ဦးနော်......မား ဖန်ရှင်းကို အပေါ်ခေါ်ခဲ့မယ်"
"ဟုတ်ကဲ့မားမား......"
ရိပေါ်က အိပ်ရာမှထ၍ ရေချိုးခန်းထဲသို့ဝင်ပြီး မျက်နှာသစ်၊သွားတိုက်လိုက်လေသည်။
ညတိုင်းလည်းအတွေးလွန်နေတာကြောင့် ဉာဉ့်နက်မှအိပ်ပျော်သွားတတ်ပြီး အကျင့်ပျက်ကာ အိပ်ယာထနောက်ကျနေတတ်သည်။ကိစ္စအားလုံးပြီးစီးလေတော့ မျက်နှာသုတ်ပုဝါကို ပခုံးပေါ်တင်၍ အခန်းထဲပြန်လာမိစဉ် ကုတင်ပေါ်မှာထိုင်နေသော ဖန်ရှင်းကိုတွေ့လိုက်ရသည်။
"ရိပေါ်....."
ဖန်ရှင်းက ပုံမှန်အတိုင်းပါပဲ။ရိပေါ်ကို ပြုံး၍နှုတ်ဆက်လေသည်။
"မနက်စာဘာစားခဲ့ပြီလဲ.....ဖန်ရှင်း"
"အိမ်ကနေ ဘာမှမစားခဲ့ဘူးရယ်။ခုနကမှ ဝမ်မားက ဖက်ထုပ်ရေဖျော်ကျွေးလို့ စားခဲ့တယ်။ဒါက မင်းစားဖို့အတွက်တဲ့"
ဖန်ရှင်းက ပြောနေရင်းနဲ့ပင် စားပွဲပေါ်မှာတင်ထားသော ဖက်ထုပ်ရေဖျော်ပန်းကန်ကို ရိပေါ်လက်ထဲသို့ ထိုးထည့်ပေးလေသည်။
"ကျေးဇူးပဲ"
ရိပေါ်ရဲ့ကျေးဇူးတင်စကားကို ဖန်ရှင်းက လက်ခါပြ၍