Unicodeဘယ်ဘက်ခြေထောက်၌ ချုပ်နှောင်ခံထားရသောသံကြိုးများမှ လွတ်မြောက်လို့လွတ်မြောက်ငှား ကြိုးစားနေမိပေမဲ့ ဘာမှထူးမလာတာကြောင့် ရိပေါ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်တွင် တစ်ယောက်တည်းထိုင်နေမိသည်။
ရိပေါ်နိုးလာကတည်းက ရှောင်းကျန့်ကိုမတွေ့ရဘဲ စားပွဲပေါ်တွင်တင်ထားခဲ့တဲ့ မနက်စာနဲ့စာတစ်ဆောင်ကိုသာတွေ့ရတာကြောင့် ထိုအရာများကိုဂရုမစိုက်နိုင်သေးဘဲ ဒီအိမ်ကြီးထဲမှ အမြန်ဆုံးလွတ်မြောက်ရန်သာ ကြံစည်နေခြင်းလည်းဖြစ်သည်။သို့သော် အချိန်သာကြာသွားခဲ့ပေမဲ့ ဘယ်အရာမှမပြောင်းလဲသွားသလို ရိပေါ်၏ခြေထောက်မှာလည်း သံကြိုးများရဲ့ချုပ်နှောင်မှုများမှမလွတ်မြောက်သေးပေ။
စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး စားပွဲပေါ်မှာရှိနေသော စာကို ယူဖတ်လိုက်မိတော့ ရှောင်းကျန့်က မကြာခင် သူပြန်လာခဲ့မဲ့အကြောင်းကိုသာ ရေးသားထားခြင်းဖြစ်သည်။
ရိပေါ်က စာရွက်ကိုခေါက်၍ စားပွဲပေါ်တွင် ပြန်ထားလိုက်ပြီး ရှောင်းကျန့်ပြင်ပေးခဲ့သော မနက်စာကိုသာ ကြည့်နေမိသည်။
ရှောင်းကျန့်ရဲ့စိတ်ဟာ ပုံမှန်လူတစ်ယောက်လိုမဟုတ်ဘဲ စိတ်အတက်အကျတွေများနေပြီး တခါတလေ သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်ဘဲ ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊သူ့ရဲ့ခန္ဓာကိုယ်ကိုပဲဖြစ်စေ အနာတရဖြစ်အောင် လုပ်နေတတ်သေးသည်။ရိပေါ်နဲ့မတွေ့ဖြစ်ခဲ့တဲ့၂လအတွင်းမှာ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်၌ ပွဆာတတ်အောင်ပင် tattoo များစွာရှိနေပြီး လက်မောင်းများ၌လည်း အသားစများကိုဆွဲချုပ်ထားသော အမာရွက်များစွာ ရှိနေသေးသည်။
ဒီ၂လအတွင်းမှာ ရှောင်းကျန့်၏စိတ်အခြေအနေဟာ ပိုဆိုးလာပုံရသည်။ပုံမှန်စိတ်မဟုတ်တာကို သိပေမဲ့လည်း ရှောင်းကျန့်၏သူငယ်ချင်း ဝူရိဟန်ပြောပြခဲ့တဲ့အကြောင်းအရာကလွဲပြီး ဘာမှမသိရသည့်အပြင် ယခုကိုယ်တိုင်ပါ ဖမ်းချုပ်ခံထားရတာကြောင့် ရှောင်းကျန့်ကိုပဲဖျောင့်ဖျပေးရမလား...ဒါမှမဟုတ် ကိုယ်တိုင်ပဲလွတ်မြောက်အောင် ထွက်ေပြးရမလားမသိတော့ဘဲ လမ်းပျောက်နေပေသည်။