Unicode
ဒီနေ့တော့ ရိပေါ်အပါအဝင် ဆေးရုံမှလူများအားလုံးအလုပ်ရှုပ်နေတော့သည်။
မကြာခင်မှာ တရုတ်နိုင်ငံရဲ့ လွှတ်တော်အမတ်လောင်းဖြစ်လာမဲ့လူက ဒီဆေးရုံကိုလာ၍ donation လုပ်မည်ဖြစ်သည်။
သာမန်လူမဟုတ်တာကြောင့် ထိုသူမလာခင် 2ရက်လောက်ကတည်းက ကြိုတင်၍ အစောင့်များကို ဆေးရုံပတ်ပတ်လည်တွင် နေရာချထားခြင်းလည်းဖြစ်သည်။ပုံမှန်နေနေကျ နေရာဖြစ်ပေမဲ့ ထိုအစောင့်များကြောင့် ရိပေါ်တို့မှာ သွားသတိ၊လာသတိနှင့် စိတ်ကျဉ်းကျပ်နေကြရသည်။
ဘယ်လိုအမတ်လောင်းဖြစ်လာမှာမို့ အဲ့လောက်ကျပ်မတ်နေကြရတာလဲ။သူတို့မှာ အမြဲတမ်းပဲ အန္တရာယ်ရှိနေကြတာလား။သွားလေရာမှာ လုံခြုံရေးအပြည့်ရှိနေပြီး ပုံမှန်လူတောထဲမှာတောင် သွားလာဖို့ခဲရင်းပေမည်။
တိုတောင်းလှတဲ့ လူ့ဘဝကြီးထဲမှာ ရိပေါ်သာဆို ထိုလိုမနေချင်ပါ......ဘဝကို လွတ်လွတ်လပ်လပ်နဲ့သာ ဖြတ်သန်းချင်မိသည်။
"ရိပေါ်....ခဏနေ အမတ်လောင်းဝူရိဟန်တို့ ရောက်လာတော့မယ်။အဲ့ခါကျ S1 to 7မှာရှိတဲ့လူနာတွေနဲ့ပက်သတ်တဲ့အချက်အလက်တွေမေးလာခဲ့ရင် ရိပေါ်ကပဲ တာဝန်ယူပြီး ရှင်းပြပေးပါနော်"
"ဟုတ်ကဲ့ဗျ"
ဟန်နာက ရိပေါ်ကို မှာကြားပြီးသည်နှင့် လက်ထဲမှစာရွက်အချို့ကိုလှန်ေလာကာ နေရာမှ ခပ်မြန်မြန်ထွက်သွားလေသည်။
ရိပေါ်လည်း အဆောင်ရှေ့မှာရပ်ကာ အမတ်လောင်းအလာကို ကြိုဆိုရန်စောင့်နေမိတော့သည်။
ခဏအကြာမှာတော့ ရိပေါ်ရှိရာသို့ Doctor Trezaနှင့်အတူ ဘေးချင်းကပ်လျက်လျှောက်လာသောသူ......ထို၂ဦး၏ နောက်ပါးတွင်လည်း bodyguard များစွာပါဝင်လေသည်။
"မင်းက ဒီအဆောင်မှာ တာဝန်ကျနေတဲ့ ကောင်လေးမှတ်လား"
"ဟုတ်ပါတယ်ဗျ....."
"ဒါဆို အမတ်လောင်းဝူရိဟန်သိချင်တဲ့ လူနာတွေရဲ့အချက်အလက်တွေကိုရှင်းပြပေးပါ"
Doctor Trezaက စကားအဆုံးတွင် သူရဲ့ဘေးမှာရှိနေတဲ့ အမတ်လောင်းကို ညွှန်ပြလေသည်။