Part-50

187 21 6
                                    

Unicode

ဒီနေ့တော့ရိပေါ်က လူနာတွေကို မနက်ပိုင်းလောက်သာ တာဝန်ယူပေးရပြီး နေ့လည်ပိုင်းတွင် နားရတော့မည်ဖြစ်သည်။ထို့ကြောင့် တာဝန်ကျနေသည့်အချိန်မှာ လူနာတွေရဲ့ ဝေယာဝစ္စမှန်သမျှကို မလစ်ဟင်းရစေရန် လိုအပ်သည်များကို သေချာလုပ်ပေးဖြစ်သည်။

နေ့လည်ပိုင်းတွင် ရိပေါ်နေရာကို တာဝန်ကျမဲ့သူက ဟန်နာဆိုပေမဲ့ ကိုယ့်ရဲ့မပြီးပြတ်ခဲ့တဲ့အလုပ်တွေကို တခြားသူလုပ်ပေးနေရမှာကိုလည်းမလိုလား။ထို့ကြောင့် ထောင့်စေ့အောင်ပင် လုပ်ကိုင်နေမိသည်။

"ကောင်လေး...အပြန်ကို ထီးဆောင်းသွားနော်.. မိုးမိလိမ့်မယ်"

လူနာအဖွားက ခေါင်းေပါ်ကိုလက်ဖဝါးကလေးဖြင့် မိုးပြပြီး ထီးယူသွားရန် သတိပေးနေလေသည်။

အချိန်ခါမဟုတ်ပါဘဲ သည်းသည်းမဲမဲရွာနေတဲ့မိုးကြောင့် ရိပေါ်တို့အားလုံးမှာ လူနာများအတွက် အနွေးအဝတ်များနှင့်ဆောင်များကို အလျင်မှီစွာ ပြင်ဆင်ပေးရသလို ကိုယ်တိုင်လည်း လည်ပိတ်ဆွယ်တာအဖြူလေးကို ဝတ်ဆင်ထားရသည်။အခါမဟုတ်တဲ့မိုးရွာမှုက ပြင်းထန်လှသလို အလွန်လည်း အေးစိမ့်လှတာကြောင့် ရိပေါ်၏ လက်ဆစ်၊ခြေဆစ်လေးများတောင် ကိုက်ခဲချင်သယောင်ရှိလှသည်။

"ကောင်လေး ကော်ဖီလာသောက်...ဒီကိုလာ..."

လူနာအဖွားက ကော်ဖီသောက်နေရင်း သူ့ကုတင်ပေါ်သို့လာထိုင်ရန်ခေါ်နေပြီး ကော်ဖီခွက်ကိုပါ ထိုးပေးနေသေးသည်။
ရိပေါ်က မိုးပက်မည်ဆိုး၍ ပြတင်းပေါက်များကို ပိတ်၍ဂျက်ထိုးကာ အဖွား၏ကုတင်ရှိရာသို့သွားလိုက်ပြီး

"နေ့လည်စာစားဖို့ အချိန်နီးနေပြီနော် အဖွား...ကော်ဖီသောက်ထားလို့ နေ့လည်စာမစားချင်ဘူး မပြောရဘူးနော်။အဲ့အချိန် ကျွန်တော်အဆောင်ပြန်သွားတောင် ဟန်နာ့ကိုမှာထားခဲ့မှာ"

ရိပေါ်၏အ‌ေပြာကြောင့် အဖွားက ကလေးတစ်ယောက်လိုပင် နှာခေါင်းကိုရှုံ့၍

"ကောင်လေး...မင်းက အလှလေးဖြစ်နေပေမဲ့ စိတ်ထားလေးတော့ တော်တော်ပုတ်တာပဲ..."

Dear Villain(Season2)🏴Where stories live. Discover now