Part-51

181 20 4
                                    

Unicode

"အားးးးး"

အနောက်မှ အားပြင်းပြင်းဖြင့် ကားတိုက်ခံလိုက်ရတာကြောင့် ရိပေါ်၏ခန္ဓာကိုယ်မှာ တစ်ပတ်လည်ထွက်သွားချိန် တစ်ကိုယ်လုံးမီးလောင်ကျွမ်းနေသော ဟန်နာ့ကိုတွေ့လိုက်ရတော့ ကြောက်လန့်တကြား အော်ဟစ်မိလိုက်ခြင်းဖြစ်သည်။

စိတ်နဲ့လူ အသိကပ်သည်နှင့် ရိပေါ်၏အမြင်အာရုံထဲတွင် ဘာမှမမြင်ရဘဲမှောင်မဲနေတာကို သိလိုက်ရသည်။ဒါဆို အခုနက အိမ်မက်ပေါ့....

ပတ်ဝန်းကျင်တစ်ခုလုံး‌ေမှာင်‌ေနတာ‌ေကြာင့် ရိပေါ်ဘယ်‌ေနရာကို ရောက်နေပြန်တာလည်း မသိပါ။

ထို့အပြင် လည်ဂုတ်ကနာကျင်မှုနှင့်အတူ ပေါင်တစ်ဖက်မှလည်း သွေးဆို့နေသောပတ်တီးများဖြင့် ချည်နှောင်ခံထားရပြီး သေမတတ်ကိုက်ခဲနေတာကြောင့် အော်ငိုချင်လောက်အောင်ပင်ဖြစ်မိသည်။

မယုံနိုင်စရာကောင်းလွန်းတဲ့အဖြစ်အပျက်များကို မျက်စိရှေ့တွင်ကြုံတွေ့ခဲ့ရသလို ယခုလည်း ဘယ်ဆီရောက်မှန်းမသိ အမှောင်ထုထဲတွင်သာ ထိုင်နေရသူရိပေါ်အဖို့ တစ်ကိုယ်လုံးချွေးစေးများပြန်နေသည်အထိ ကြောက်နေမိတာကြောင့် ဒူးလေးကိုကွေးကာ လက်ကလေးဖြင့်ပိုက်လိုက်မိစဉ် ဘယ်ဘက်ခြေထောက်မှာ ချည်နှောင်ခံထားသည့်နယ် လေးလံနေပြီး သံကြိုးအသံများကိုပါ တဆက်တည်းကြားလိုက်ရသည်။

ခေါင်းထဲသို့ဝင်လာသောအတွေးတစ်ခုကြောင့် ထိတ်လန့်မိသွားကာ မဖြစ်ပါစေနဲ့ဟု ဆုတောင်းရင်း

"တစ်ယောက်ယောက် လာကယ်ပေးကြပါ"

ရိပေါ်က ကြောက်လန့်တကြားဖြင့် ပြောမိလိုက်စဉ် ရုတ်တရက် အခန်းမှာ မီးအလင်းရောင်များဖြင့် လင်းထိန်သွားပြီး ရိပေါ်၏နံဘေးတွင် ရုပ်သေးကြီးဖြင့် ငုတ်တုတ်ထိုင်နေသော ရှောင်းကျန့်ကို တွေ့လိုက်ရတာကြောင့် ရိပေါ်က နားနှစ်ဖက်ကိုလက်ဖဝါးဖြင့်ပိတ်ကာ မျက်စိအစုံကို အတင်းမှိတ်ချလိုက်ပြီး

"အားးးးကြောက်တယ်...ကြောက်တယ်.."

ထိုအခါ ရှောင်းကျန့်ကခပ်ပြုံးပြုံးဖြင့် ဝမ်ရိပေါ်ရဲ့ အနားကိုတစ်ချက်တိုးကပ်သွားလိုက်ပြီး

Dear Villain(Season2)🏴Where stories live. Discover now