[Unicode]
"CEO စုံစမ်းခိုင်းတဲ့ကောင်လေးအကြောင်းသိရပါပြီ"
မနေ့က ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးအကြောင်းကိုစုံစမ်းခိုင်းခဲ့တာ...အခုတော့သိရတော့မယ်။
"မိဘတွေမရှိတော့ဘူး မောင်နှမနှစ်ေယာက်အတူနေတယ်...အမဖြစ်တဲ့လူက ဉာဏ်ရည်မမှီဘူး..ကိုယ်ဝန်သည်တစ်ယောက်"
"ဘယ်လို?"
"CEOလိုပဲ ကျွန်မလည်းအရမ်းအံ့ဩသွာတာ...ဉာဏ်ရည်မမှီ တဲ့လူတစ်ယောက်က ကိုယ်ဝန်သည်ဆိုတော့...သူတို့က ဆိုးလ်ကမဟုတ်ဘူး နယ်ကတက်လာကြတာတဲ့"
"နယ်က?"
"ဟုတ်ပါတယ် ကောင်လေးအသက်က၁၈နှစ်ပဲရှိပါသေးတယ်...ပြီးတော့"
"ပြီးတော့ ဘာဖြစ်လဲ"
"အရမ်းလည်းဆိုးတယ်လို့သိရပါတယ်...အမကိုထိရင် လူကြီးလူငယ်မရွေးရန်ဖြစ်တယ်လို့ကြားရတယ်..အချိန်ပိုင်းအလုပ်တွေလုပ်နေတယ်...အခုတော့အလုပ်ပြုတ်သွားလို့ အလုပ်ရှာနေတယ်လို့ကြားတယ်"
ဂျောင်ကုနှုတ်ခမ်းထောင့်ကွေးညွတ်သွားပြီး
"သူ့ကို အလုပ်ပေးလိုက်"
"ရှင်"
"ငါ့အနားမှာထားလို့ရမယ့်နေရာမျိုးပေးလိုက်"
ပြူးပြဲကြည့်နေတဲ့ အတွင်းရေးမှုးမကြောင့်
"ပြောတာ နားမလည်ဘူးလား"
"နားလည်ပါတယ်"
"နားလည်ရင် အခုသွားလုပ်"
"ဟုတ် CEO!"
"ဖြေးဖြေးအော်ဟ"
"ဟီးဟုတ်"
အခန်းပြင်ကိုဝှီးကနဲပြေးထွက်သွားတဲ့အတွင်းရေးမှုး.... ဂျောင်ကုကတော့ လက်ထောက်မေးတင်ပြီး ပြုံးနေတယ်။
.
.
.
.
.
ထယ်ယောင်း အလုပ်ရှာနေရင်း ရလိုက်တဲ့လက်ကမ်းစာဆောင်ထဲက အလုပ်ေခါ်စာကြောင့် ပြုံးလိုက်မိတယ်။Bodyguard တဲ့ သူ့တွက်အဆင်ပြေတာပေါ့...သောက်ချိုးမပြေလို့လက်ပါမိလည်း နည်းနည်းအဆင်ပြေမယ်။ ဟုတ်ပြီ ဒီအလုပ်သွားလျှောက်ရမယ်။
ထယ်ယောင်းအခုဆို အလုပ်လျှောက်ဖို့ Company ရှေ့ကိုရောက်လာခဲ့တယ်။ မနေ့ကတွေ့ထားတဲ့အလုပ်ေခါ်စာကြောင့် သူရောက်လာတယ်။
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfiction"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...