Part-8

1.1K 58 0
                                        

[Unicode]

ထယ်ယောင်း အနောက်ကနေရေချိုးခန်းဆီလျှောက်လာခဲ့တယ်။သွားတိုက်ဆေးထည့်ပေး၊ ပတ်တီးရေမစိုအောင် ဂရုစိုက်ပေးနဲ့ ထယ်ယောင်း လှုပ်ရှားဗျာများနေပေမယ့် နှာဘူးကြီးက မျက်တောင်မခတ် စိုက်ကြည့်နေတယ်။

အမှန်ဆို သူရေတောင်ချိုးပြီးပြီ၊ ပေါက်စ ဂရုစိုက်ပေးတာခံချင်လို့ကို လိမ်လိုက်တာ၊ လက်ထိသွားတာ တော်တော်နာပေမယ့်...လက်ဖြစ်သွားတာ ကံကောင်းတယ်လို့ပဲပြောရမလား အကောင်ပေါက်လေးက သူ့ကိုသေချာဂရုစိုက်ပြီး လုပ်ပေးနေတော့တာ။

ထယ်ယောင်း ဂျောင်ကုရဲ့မျက်နှာ‌ကို စင်အောင်သုတ်ပေးပြီး၊ဘာလဲဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်ပေးလိုက်တော့ သွားလေးတွေပေါ်တဲ့ထိရယ်ပြလာချိန် ပါးမို့မို့ပေါ်က ပါးချိုင့်ရေးရေးလေးဆီမှာ သူ့စက္ခုအာရုံဟာ အလုံးစုံငြိတွယ်သွားတယ်။

"သန့်သွားပြီ "

"မျက်နှာသစ် သွားတိုက်ပြီးရင် လူတိုင်းသန့်သွားတာပဲ"

"ဒီမှာ ပေါက်စ၊ အဲ့လိုပြောရင် ကိုယ့်ဘက်ကနေ အားနာသမှုနဲ့ နမ်းပေးရတယ်"

"ဘာ!!"

"နမ်းကြည့်မလား"

"ဒီမှာ ဂျွန်ဂျောင်ကု"

"ဗျာ"

ခေါ်တုန်းကတော့ ဒေါနဲ့မောနဲ့ ခေါ်လိုက် တာထိုလူကြီးဆီက 'ဗျာ'ဆိုတဲ့ ထူးသံလေး‌ကြောင့် လိုတာထက်ပိုပြီး သူအာရုံစိုက်မိသွားတယ်။လက်တစ်ဖက်မကောင်းလို ဂရုစိုက်ပေးနေတာကို ကမ်းတက်လာတာ၊ ဘာနေနေပစ်ထားရမယ့်ထဲမှာ ဂျွန်ဂျောင်ကုဆိုတဲ့လူ ထိပ်ဆုံးကပါတယ်၊ အဲ့လူကြီးက နည်းနည်းလေးမှ ပစားပေးလို့မရဘူး။

"ကျုပ်ကိုဘာကောင်ထင်နေတာလဲ ဂျွန်ဂျောင်ကု"

"ကင်မ်ထယ်ယောင်း ယောင်္ကျား"

" ဂျွန် ဂျောင် ကု!"

"နိုး ဂျွန်ဂျောင်ကု၊ ကင်မ်ထယ်ယောင်း ယောင်္ကျား"

"ခင်ဗျား!!"

ရယ်သံလေးက မနက်ခင်းလေးနဲ့အပြိုင် လတ်ဆတ်နေတယ်။

"အလုပ်ထွက်မယ် ခင်ဗျားလို နှာဘူးဆီမှာ အလုပ်ဆက်မလုပ်နိုင်ဘူး"

LOVE KNOT [COMPLETE ]Where stories live. Discover now