[Unicode]
"ဒေါက် "
အိမ်တံခါးကိုဆက်တိုက်ဆိုသလို ခေါက်နေသံ၊ ဒေါသတွေထွက်လွန်းလို့ လူအိုကြီးဖြစ်တော့မယ်။
ခွင့်ယူထားတာတောင် အေးဆေးမနေရတဲ့ ထယ်ယောင်းဘဝ၊ ဘယ်လောက် အော်ထုတ်အော်ထုတ် ဂရုမစိုက်ပဲ အိမ်ထဲကိုဝင်ပြီး ဝေ့ဝိုက်ကြည့်ကာပြောသေးတာ
"ပေါက်စ မင်းအိမ်ကပျင်းစရာကောင်းတယ်၊ ကိုယ်နဲ့လိုက်နေမလား ပိုက်ဆံပေးစရာမလိုဘူး အလကားလာနေလို့ရတယ်"တဲ့
အဲ့လိုစကားကို ရုပ်တည်နဲ့ ဘယ်လိုပြောနိုင်ရသလဲမသိ၊ အဲ့လူကြီးနဲ့ တစ်အိမ်တည်း အတူနေမယ့်အစား မျောက်ထိန်းပဲလုပ်တော့မယ်၊ တစ်ရွာလုံးကိုစောင့်ကျင့်ယုတ်လာသမျှ ဒီလူကြီးနဲ့မှ စုပြီးဝဋ်ခံနေရလို။
အကြည့်တွေနဲ့မရပ်မနားဆဲနေလည်း နားမလည်ဘူး ဘယ်ကမ္ဘာက လူမှန်းကိုမသိဘူး။ လူကြီးလူကောင်းပုံစံနဲ့ သူများကိုစိတ်ဒုက္ခတွေပေးဖို့ မွေးဖွားလာတာလားမသိဘူး၊
"ဒေါက် ဒေါက် "
ဒီနေ့သည်းခံနိုင်မှုကတော့ တကယ်ကုန်သွားပြီး။
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ လူလိုနားမလည်ဘူးလား"
ဘယ်လောက်အော်အော် ပြုံးပြုံးလေးကြည့်လာကာ ရယ်ပြလာတော့ ပါးမို့ပေါ်က ပါးချိုင့်ရေးရေးလေးဆီမှာ အကြည့်ရောက်သွားရပြန်တယ်။
"ခင်ဗျား အချိန်တွေတော်တော်ပေါနေလား"
"ပေါနေတယ်လို့တော့မဟုတ်ပါဘူး၊"
"မဟုတ်ရင် မလာနဲ့လေ ပြန်"
"နှင်ထုတ်နေတာပဲ"
"ထင်ချင်သလိုထင်"
"ပေါက်စ"
"ဘာလဲဗျာ"
"ဒီကိုကြည့်"
"မကြည့်ဘူး အခုပြန်တော့"
ပြောရင်းဆိုရင်း အနားကိုလှစ်ခနဲ ရောက်လာတယ်၊အရှေ့တည့်တည့်မှာ ရပ်လာပြီး စပ်ဖြဲဖြဲလုပ်ပြနေတာမို့
"ဂျွန်ဂျောင်ကု ခင်ဗျား တော်တော်အားနေတာလား"
"တော်တော်တော့ မအားပါဘူး၊ အထူး ပုဂ္ဂိုလ်မလို့ အချိန်ပေးနေတာ"
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfiction"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...