[Unicode]
ထယ်ယောင်း ကားပေါ်ကဆင်းပြီးဂျောင်ကုကိုနှုတ်ဆက်ကာ ထွက်လာခဲ့တယ်၊သိပ်မကြာလိုက် သူ့ရှေ့မှာတွေ့ရတဲ့ ဂျီဘင်း၊ပြေးလာတဲ့ပုံစံက လူပေါ်ခုန်တက်တော့မယ့်ပုံ စောင့်ကန်ဖို့ပြင်ဆင်ထားပေမယ့်၊သူဆီမရောက်ခင်မှာတင် ဂျီဘင်းခြေတောက်တွေကလေပေါ်ရောက်နေတယ်။
တရားခံကတော့ တစ်ခြားလူမဟုတ် ဂျောင်ကုပင်၊ ဂျီဘင်းပုံစံကလည်း ကိုးရိုးကားယားအနေထားနဲ့ ခြေတောက်တွေကလည်း လေပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ရယ်ချင်စရာပင်
"အဲ့လိုမလုပ်..."
ဆွဲမြှောက်ထားတဲ့လက်ကို ပုတ်ပြီး တားဖို့လုပ်လိုက်ပေမယ့်၊သူ့ကိုကြည့်လာတဲ့ ခပ်စူးစူးအကြည့်ကြောင့် လူပင်ဆွံ့အသွားတယ်။
"ခင်ဗျား ဘယ်သူလဲ ဘာလို့ဒီလိုလုပ်တာလဲ"
"ဘာလို့လုပ်တာလဲဟုတ်လား၊ မင်းဘယ်သူပဲဖြစ်ဖြစ်၊ ဘာကောင်ဖြစ်ဖြစ်၊ တစ်ခါတည်းသတိပေးလိုက်မယ်"
"ဘာလဲ"
"ကင်မ်ထယ်ယောင်းကို လက်ဖျားနဲ့တောင်မထိနဲ့"
အဖြေကိုမစောင့်ပဲ၊လွှတ်ချလိုက်တာကြောင့် မြေပြင်ပေါ် ဖုတ်ခနဲကျသွားတဲ့ ဂျီဘင်းမှာ မျက်လုံးအပြူးသား၊ဂျီဘင်းကိုပြေးထူဖို့လုပ်ပေမယ့်၊ ဂျောင်ကုက ဂုတ်ကနေဆွဲပြီး သူ့အနားကိုပြန်ရပ်စေတယ်။
အခုမှဂျီဘင်းက သူ့နှုတ်ခမ်းက ဒဏ်ရာမြင်ပြီး
"ဘာဖြစ်တာလဲ ထယ်ယောင်း၊ မင်းဒဏ်ရာက ဒီလူလုပ်တာလား၊ဟုတ်လား မြန်မြန်ဖြေစမ်းပါ"
ထိပ်ထိပ်ပျာပျာအသံက အလွန်စိတ်ပူသွားမှန်း ထယ်ယောင်းသိနေတာမို့
"မဟုတ်ဘူး ဂျီဘင်း၊ ငါ့ဘာသာ မတော်တစဖြစ်တာ"
သူပြောတာကိုမယုံတဲ့ဂျီဘင်းက
"ကျုပ် နှလုံးသားလေးကို ခင်ဗျားလုပ်တာလား"
လက်သီးလက်မောင်းတန်းပြီးပြေးလာတဲ့ ဂျီဘင်းကို
လက်ညှိုးလေးနဲ့ နဖူးကိုလှမ်းထောက်လိုက်တာကြောင့်၊ရှေ့တိုးမရ နောက်တိုးမရနဲ့ ကော့ကလန်ကြီးဖြစ်နေတယ်။
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfic"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...