Part-7

581 46 0
                                    

[Unicode]

လုံခြုံနွေးထွေးစွာ အိပ်စက်ခွင့်ရပြီး ငြိမ်းချမ်းစွာ နိုးထခွင့် ရခဲ့ပါတယ်။

ညကအကြောင်းပြန်တွေးတော့ ပျော်သလိုသလို ဝမ်းနည်းသလိုလို၊တစ်မျိုးတစ်မည် ခံစားလာရတယ်။

တကယ်ကို ခပ်စွာစွာ ရန်တွေ့တတ်တဲ့ဒေါသအိုးလေးက သူ့လိုအသက်ကြီးတဲ့လူကို စိတ်တောင်ဝင်စားပါ့မလား။

ဒီလိုတွေးတော့ နှလုံးသားဟာ ကျဉ်စက်နဲ့တို့ခံလိုက်ရသလို နာနာကျင်ကျင် ပြုံးရသေးတယ်။သို့ပေမယ့် အဲ့ရင်ခွင်သေးသေးလေးထဲမှာ ခေါင်းမှေးစက်ခဲ့ရတဲ့ ဂျောင်ကုအတွက် အိပ်မပျော်ခင် နှလုံးခုန်သံကျယ်ကျယ်လောင်လောင်ကို နားနဲ့ဆက်ဆက် ကြားခဲ့ရတာ လုံးဝမမှား။

ကိုယ့်ထက်အရင် နိုးသွားတဲ့သူက အခန်းထဲမှာမရှိတော့ဘူး။

ငြိမ်းချမ်းစွာနိုးထခဲ့ပေမယ့်  ထူးဆန်းတာက ရင်ထဲမှာ လေးလံနေတယ်။ ဒီအခန်းထဲကနေထွက်လို့ ထယ်ယောင်းကိုတွေ့ရင် သူဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ၊ ထယ်ယောင်းနဲ့ဆိုရင် တော်ရုံမရှက်တတ်ဘူးဆိုပေမယ့်.... ဒီမနက်ခင်းမှာ ဘယ်လိုနှုတ်ဆက်စကားဆိုရပါ့မလဲ။

'အဲ့လို ရှက်နေမှာဆိုလည်း ညကဘာလို့ ခေါ်လိုက်သေးလဲ ‌ဂျွန်ဂျောင်ကုရာ၊ တော်သေးတာပေါ့ ဟိုကဖက်ပြီးအိပ်ပေးခဲ့လို့၊ မဟုတ်ရင် ဒေါသအိုးလေးက ဒေါတွေကန်ပြီး အလုပ်ထွက်သွားမှ အခုထက်အများကြီး ခက်ခဲနေရမှာ'

လက်တစ်ဖက်နဲ့ ကိုယ့်ခေါင်းကို မချင့်မရဲထုပစ်နေတုန်း ဖုန်းထဲဝင်လာတဲ့ စာတိုလေးတစ်ခု၊

- ကျွန်တော်မမတွက် မနက်စာလုပ်ပေးရမှာမလို့ ခင်ဗျားကိုမနှိုးဘဲထွက်လာခဲ့တာ၊ချက်ပြုတ်ပြီးရင် ပြန်လာခဲ့မယ်၊

ဂျောင်ကု ဖုန်းလေးကို ဘေးချလိုက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့တယ်။ ရေချိုးပြီ အဝတ်လဲနေတုန်း ဝင်လာဖုန်းကြောင့်...ဖုန်းဆီအကြည့်ပို့လိုက်ပြီး ကိုင်လိုက်တယ်။

"Hello"

'ညီလေး'

"ငါမဆဲချင်ဘူး ကင်မ်မင်ဟော့"

LOVE KNOT [COMPLETE ]Where stories live. Discover now