Part-3

1.6K 73 4
                                        

[Unicode]

အိမ်မက်ဆိုးတွေ နာကျင်စရာအတိတ်တွေနဲ့ လိပ်ပြာငယ်လေးက...လေထဲမှာကူးခတ်နေတယ်...

ဦးတုတွေတစ်လှည့်‌ဆီပြောင်းဖို့ စောင့်ဆိုင်းရင်းက...ဆောင်းခိုငှက်တွေတောင်ပြန်လာပြီ။ မိုးကောင်းကင်ရောက်ဖို့ အချိန်ကြာပေမယ့်...လေးညှင်းတွေလာမှာကိုစောင့်စားနေခဲ့မိတယ်။

"ကျွန်တော်ယုံကြည်တယ် ...ကျွန်တော်မရှိတော့တဲ့နောက်ပိုင်း မောင်အဆင်ပြေပြေနေနိုင်မယ်လို့...ကတိမတည်ခဲ့လို့တောင်းပန်ပါတယ်။ မောင်အကောင်းဆုံနဲ့အဆင်ပြေဆုံးဖြစ်အောင် နေထိုင်ပါ"

အိမ်မက်ထဲမှာ‌အမြဲတွေ့နေရပြီး...အမြဲပြောနေကျစကားများ...ဂျောင်ကု မျက်ရည်တွေနဲ့အတူ နိုးထလာခဲ့တယ်။

ငှက်ကလေးတွေက သူတို့အရွယ်ရောက်လာချိန်မှာ ပျံသန်းနိုင်ဖို့စတင်ပြီးကြိုးစားကြတယ်။

ကိုယ့်ကိုလည်းမင်းက အကောင်းဆုံးနေထိုင်နိုင်ဖို့ပြောခဲ့တယ်...ကိုယ်အဆင်ပြေနိုင်ထင်လို့လားကွာ

"မင်းယုံကြည်သလိုမျိုး ပျံသန်းချင်ပေမယ့်....မပျံသန်းခင်က ငှက်ငယ်လေးရဲ့ ပင်ပန်းမှုကိုတော့ မင်းမသိနိုင်လေသလား"

ထပ်မှန်၍ကျလာပြန်သော မျက်ရည်များ...နာကျင်စရာတပွေ့တပိုက်နဲ့ ရှင်သန်လာရတဲ့နေရက်တွေ

လွမ်းဆွေးမှု တမ်းတမှုတွေနဲ့ ရှင်သန်လာရတဲ့ကိုယ်ဘဝကို မတွေးမိဘူးလား...အချစ်ရာ

လွတ်လပ်ခြင်းနဲ့ချစ်ခြင်းတရားမှာ..ဘယ်အရာကများ တွေ့ဆုံပြီး နောက်တစ်ကြိမ်ရှင်းပြဖို့ခက်ခဲစေခဲ့လဲ

မင်းမရှိတော့တဲ့အနာဂတ်မှာ...ကိုယ့်ပုံစံက မှီခိုစရာပင်လယ်ပြင်ကိုဆုံးရှုံးလိုက်တဲ့ လင်းပိုင်ငယ်လေးလိုဖြစ်နေခဲ့ပြီ

အရင်လိုဆုံနိုင်ဖို့နည်းလမ်းမရှိတော့ဘူး...ကိုယ်ဘဝမှာ မင်းမရှိတော့တည်းကအချစ်ကပျောက်ဆုံးသွားခဲ့ပြီ။

ဂျောင်ကုမျက်ရည်တွေကို ဖိသုတ်ပြီး အိပ်ရာကနေထလာလိုက်တယ်။ အသက်၄၀ကျော်အရွယ်ဆိုပေမယ့်...နုပျိုနေဆဲ...

LOVE KNOT [COMPLETE ]Where stories live. Discover now