[Unicode]
ဂျောင်ကု Company သွားနေချိန် ထယ်ယောင်း အိမ်တွက်လိုတာလေး ထွက်ဝယ်ပြီး အပြန် ပြေးလွှားနေတဲ့ ခွေးလေးကို လိုက်ဖမ်းနေတဲ့ ကောင်မလေး အဖြစ်ကို ကြည့်ပြီး ပြုံးလိုက်မိတယ်။ တစ်ချိန် တည်းမှာပဲ ကားလမ်းပေါ်ကိုပြေးသွားတဲ့ ခွေးလေးက ကားအလာကို သတိထားမိပြီး ကြောင်ပြီး ရပ်ကြည့်နေခဲ့တာကို....
"တန်နီ!!.."
ခွေးလေးဆီကို အပြေးလိုက်သွားတဲ့ကောင်မလေးက ခွေးလေးကိုပိုက်ပြီး ကားရှေ့မှာတင် နှစ်လိမ့်လောက် လိမ့်သွားတယ်။ မတိုက်မိပေမယ့် ထိုအဖြစ်ပျက်ကို လူတွေဝိုင်းအုံကြည့်လာကြတယ်။ ထယ်ယောင်း မျက်စိရှေ့မှာ တွေ့လိုက်ရတဲ့ အဖြစ်ပျက်ကြောင့် အသက်ရှူရခက်လာတယ်။
သူ့မျက်ဝန်းထဲမှ ပြန်မြင်ယောင်လာပြန်တယ်၊ ကားနဲ့တိုက် ခံရလို့ လွှင့်ထွက်သွားတဲ့ ခန္ဓာကိုယ်လေးကို ကောင်မလေးတစ်ယောက်က ပြေးပွေ့ပြီး အကူညီတောင်းနေဟန်။
ထယ်ယောင်း ရင်ဘတ်ထဲအောင့်တက်လာပြီး အသက်လုရှူနေခဲ့ရတယ်၊ ထိုနေရာကနေ ပြေးထွက်မယ်အလုပ် ခြေထောက်က သံမှိုနဲ့ရိုက်ထားသလို လှုပ်မရ ဆို့တက်အောင့်မျက်လာတဲ့ ရင်ဘတ်ကိုဖိနေရင်း မျက်ရည်တွေ တစ်သွင်သွင်စီးကျလာတယ်။ မျက်လုံးတွေပါ ဝေဝါးလာပြီး သူနှုတ်ဖျားမှ သူကိုယ်တိုင်တောင်သတိမထားမိဘဲ ရွတ်မိတာ "မောင်" ဆိုတဲ့ နာမ်စားလေး။
.
.
.
.
.
ထယ်ယောင်း အခုမြင်နေရတာက သူခုနက ရှိနေခဲ့တဲ့ နေရာမဟုတ်ဘဲ တစ်ခြားနေရာတစ်ခုက အစားထိုးဝင်ရောက်လာတယ်။ဝေးရာကို ကြောက်လန့်တကြား လှည့်ပြေးချင်ပေမယ့် နားထဲမှာကြားရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ငိုသံနဲ့ ဆူညံသံတွေ။အတိုင်းအစမရှိ နာကျင်မှုကို တရိပ်ရိပ်ခံစားလာရတဲ့အခါ ရင်ဘတ်ကို ဆုပ်ညှစ်ထားမိတယ်။
"နာတယ် သိပ်နာတာပဲ"
မျက်ရည်တွေပါ စီးကျလာပြီး အသက်ရှူမဝတော့တဲ့အခါ လမ်းမကြီးကို အကြည့်ပို့မိတော့...
"အကို အဲ့သဘောနဲ့ပြောတာမဟုတ်ဘူး"
"ဒါဆို ဘယ်လိုသဘောမျိုးလဲ နူနာ ဂျွန်ကို ဘယ်လောက်ချစ်လဲ အကိုသိမှာပါ၊ ဟိုးငယ်ငယ်လေးထဲက သူကဘယ်လောက်ပဲ ဘေးဖယ်ထားထား အတင်းတွယ်ကပ်ပြီး သူ့လိုအင်တွေကို ဖြည့်ဆီးပေးတဲ့ သူပါ"
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfiction"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...