[Unicode]
ဘတ်ကားဂိတ်ကိုအရောက်..ကျွန်တော် ကားပေါ်ကဆင်းပြီး ...ဘေးဘီကိုဝေ့ဝိုက်ကြည့်ပြီး...လျှောက်လာခဲ့တယ်။
ကောင်းကင်ကိုမော့ကြည့်ချိန် တိမ်ရိပ်လေးတွေ ညိုမဲလို့မှောင်နေတယ်...လက်ထဲကမုန့်ေတွကိုကြည့်ပြီး...သက်ပြင်းတွေထပ်ကာထပ်ကာချပြီး ဆက်လျှောက်လာလိုက်တယ်။
ဆင်းရဲသားတွေနေတဲ့ရပ်ကွက်အတွင်းက သေးငယ်လွန်းတဲ့အိမ်လေးထဲကိုဝင်လိုက်ချိန်
"မမ!!"
"ရေး ထယ်ထယ်ပြန်လာပြီ...မုန့်ပါလား မုန့်ပါလား မုန့်စားမယ်"
ဂါဝန်ပန်းနုရောင်လေးနဲ့ သူ့ဆီပြေးလာတဲ့သူ့ဘဝရဲ့အမောပြေစရာလေး
"ရော့"
လက်ထဲကမုန့်ကို ပေးလိုက်တော့
"ထယ်ထယ် ရေဆာနေလား ငါသွားယူပေးမယ် ခဏ ခဏ"
အနောက်ဘက်ကိုလှစ်ခနဲပြေးသွားလို့ စိုးရိမ်စွာကြည့်ပြီး...အော်ပြောရသေး
"မမ အဲ့လိုမပြေးနဲ့လေ"
ရေခွက်လေးကိုင်ပြီး ပြန်ပြေးလာတာမြင်တော့ သူ့မှာသက်ပြင်းချရုံလွဲမတတ်နိုင်
"မမ ငါဘာပြောထားလဲ...အဲ့လိုမပြေးနဲ့လို့ နင့်ဗိုက်ထဲမှာကလေးလေးရှိတယ်လေ"
"နင်ကလဲ ငါသိပါတယ် လူကိုဆူဖို့ပဲသိတယ် ဟွန့်"
"ဆူတာမဟုတ်ဘူးလေ...ထားလိုက်ပါတော့ မမဒီနေ့ဘယ်တွေသွားသေးလဲ"
လက်ညှိုးလေး မေးမှာပွတ်ပြီး မျက်လုံးလေးထောင့်ကပ်ကာ...စဉ်းစားနေပုံက အလွန်ပင်ချစ်စရာကောင်းလွန်းသည်။
"အမဂျီဆီသွားတယ်"
"အဲ့နေရာပဲလား"
"ဟုတ်ပါတယ်ဆို ငါ့ကိုမယုံဘူးလား ပြော!"
"ယုံပါတယ်...ဒါဆိုငါ စားဖို့သွားချက်လိုက်ဦးမယ်...လျှောက်မသွားနဲ့နော်"
"အေးပါ နင်ကလဲ..ပွစိပွစိနဲ့ နားကိုငြီးတယ်"
ကျွန်တော်လည်း မီးဖိုချောင်ဘက်ကိုထွက်လာပြီး စားဖို့ချက်ပြုတ်ရတော့တယ်။
![](https://img.wattpad.com/cover/369142590-288-k905600.jpg)
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfiction"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...