[Unicode]
ထယ်ယောင်းတစ်ယောက် အိမ်ပြန်ရောက်တော့ စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။
"ဘယ်လိုလူလဲ ငါနော်စိတ်ရှိလက်ရှိလုပ်ရင်..အဲ့လူထွက်ပေါက်ရှိမှာမဟုတ်တော့ဘူး၊စိတ်လျှော့ကင်မ်ထယ်ယောင်း...မမ ကလေးမွေးဖို့တွက်ပိုက်ဆံလိုနေလို့သာ မဟုတ်ရင်..အဲ့အလုပ်ကထွက်ပစ်တယ်၊တစ်ရက်ပဲရှိသေးတယ်...အလုပ်လုပ်ရတာအချိုးကိုမပြေဘူး"
"ထယ်ထယ်"
"ဟင် မမဘာဖြစ်လို့လဲ"
"ငါဗိုက်ဆာတယ်"
"ခဏစောင့်နော် "
ထယ်ယောင်း ချက်ချင်းပဲမီးဖိုချောင်ထဲဝင်သွားပြီး သူ့အမတွက်လုပ်ပေးနေတယ်။
စားသောက်ပြီးကြလို့ အိပ်ရာထဲဝင်လိုက်တယ်၊အလုပ်ကပင်ပန်းတယ်တော့မဟုတ်၊လူကပဲစိတ်ရှုပ်စရာကောင်းနေသည်။
ထယ်ယောင်း မနက်စောစောထသွားရမှာမလို့..စောစောအိပ်ရာဝင်လိုက်တယ်။
ည၁၁နာရီ၊
အိပ်ကောင်းနေတုန်းမှာဝင်လာတဲ့ဖုန်း၊ ထယ်ယောင်း ဖုန်းကိုကြည့်လိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်လိုက်တယ်။
"Hello"
တစ်ဖက်က ဘာမှပြန်မပြောတော့ ထယ်ယောင်း ဖုန်းကိုတစ်ချက်ပြန်ကြည့်လိုက်ပြီး
"Hello...ခင်ဗျားဖုန်းခေါ်ပြီးဘာမှမပြောတော့ဘူးလား"
"လာခဲ့လို့ရမလား"
"ဘာ!!..ဒါလူအိပ်ချိန် ခင်ဗျားလူလိုတော့နားလည်သင့်တယ်"
"မင်းက bodyguard လေ"
"ခင်ဗျားက သေဘေးကြုံနေလို့လား"
"လာရင် bonus ပေးမယ်"
"ခင်ဗျား!"
"လာခဲ့ပေးပါ"
တိမ်ဝင်သွားတဲ့အသံလေးကြောင့် ထယ်ယောင်းခြေဖျားလက်ဖျားတွေပါအေးလာတယ်၊သူ့လိုတစ်လောကလုံးနဲ့တစ်ယောက် မိုက်လာတဲ့လူက အိပ်နေတာကိုနှောင့်ယှက်လို့ဆိုပြီးပြောဆိုလို့ရပေမယ့်...ဒီချိန်ကြီးခေါ်တာတောင် သွားခဲ့မိတယ်။
အရေးကြီးလို့ဆိုပြီး အမဂျီကိုနှိုးပြီးပြောခဲ့ရတာအားတော့နာသား၊ ညဘက်လည်းဖြစ်တော့ taxiငှားရခက်တယ်။
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfic"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...