Part-2

1K 61 0
                                    

[Unicode]

ခြေလေးချောင်း စားပွဲအသေးလေးပေါ်မှာတင်ထားတဲ့ အမေ့ဓာတ်ပုံလေးကိုကြည့်ပြီး...ကျွန်တော့ရင်ထဲ နာကျင်နေရတယ်။

'အမေ ကျုပ်မမကိုစောင့်ရှောက်ပေးမှာပါ...ကျုပ်အမေ့စကားနားထောင်ချင်ပါတယ်...ဒါပေမယ့် ကျုပ်ကသည်းမခံနိုင်ဘူးဗျ..အထူးသဖြင့် မမကိုပြောရင် ကျုပ်ပိုတောင်မခံမရက်နိုင်ဖြစ်တယ်။

သားမိုက်ကိုအမေခွင့်မလွှတ်လဲရပါတယ်...မမကိုစိတ်ချလက်ချထားခဲ့လို့ရတယ်..ကျုပ်ကအရာအားလုံးထက် မမကိုတန်ဖိုးအထားဆုံးပဲ'

"ထယ်‌ယောင်းလေး တင်းခံမနေပါနဲ့ ငိုချလိုက်...မင်းအမေလည်း ဝဋ်ကြွေးတွေကုန်သွားတယ်လို့သဘောထားလိုက်ပါ"

အမေဖြစ်သူရဲ့ဓာတ်ပုံကို အသက်မပါတဲ့လူတစ်ယောက်လိုထိုင်ကြည့်နေတဲ့သူ့ကို...သူတို့ခေါင်းရင်းအိမ်ကအဒေါ်ကြီးက နှစ်သိမ့်ပေးရှာတယ်

ကျွန်တော်မမကိုကြည့်လိုက်တော့..အရုပ်လေးကိုပိုက်ပြီး ထောင့်လေးမှာငိုနေတယ်။

'ဘာလို့ကျွန်တော်တို့ကျမှ အခုလိုတွေကြုံနေရတာလဲဗျာ'

"မင်းမချသေးဘူးလား ဆွဲစရာရှိရင်မြန်မြန်ဆွဲတော့ဟ"

"ဝူဂျင်ရာ စိတ်လောလိုက်တာ ဖြေးဖြေးပေါ့"

"ရှည်မနေနဲ့ မင်းဆွဲစရာရှိတာမြန်မြန်ဆွဲ"

အမေ့ရဲ့နာရေးမှာ ‌ဖဲထိုင်ရိုက်နေတဲ့အဖေ့ကိုကြည့်ပြီး ကျွန်တော်လက်သီးကိုတင်းအောင်ဆုပ်ထားမိတယ်။

'ကျွန်တော် မုန်းတဲ့လူတွေထဲမှာအဖေကထိပ်ဆုံးကပဲ'

အမေဆုံးသွားပြီးတည်းက ကျွန်တော်တို့မောင်နှမနှစ်ယောက်ဘဝက စတင်ပြီး ကံဆိုးမိုးမှောင်ကျရတော့တာပါပဲ

"လာလာလာ...လာလားလာ..လားလာလားလာလာ"

သီချင်းလေးတညည်းညည်းနဲ့ ပန်းပွင့်လေးကိုလက်မှာကိုင်ပြီး ခုန်ပေါက်သွားနေတဲ့ ဆိုယွန်

အခုလိုနေတာတောင် လှပလွန်းတဲ့သူမက...ပြင်ပြင်ဆင်ဆင်လေးသာနေရင် မြင်သူတကာငေးမဝနိုင်ပါပဲ

LOVE KNOT [COMPLETE ]Where stories live. Discover now