Paet-16

1.2K 66 1
                                        

[Unicode]

ထယ်ယောင်းကြုံတွေ့ခဲ့သမျှ မကောင်းတာဖယ်၊ကောင်းတာ သယ်ပြီး ဆိုးလ်မှာ ကြုံခဲ့ရတာတွေက ပျော်စရာမဟုတ်ပေမယ့် ဒီလူနဲ့ အတူဆိုတဲ့ အသိက ပျော်စေခဲ့တာ။

မနေ့ညက အချိန်တွေဆီ အတွေးပြန်ရောက်တော့ လူကစပ်ဖြီးဖြီး ဖြစ်လာတာ တားမရ။ကျွန်တော့ဆီကို ပြန်လာခဲ့တာ၊ ကျွန်တော်ကို အကြာကြီးနမ်းခဲ့တာ၊ ကျွန်တော်ကို အကြာကြီးထွေးပွေ့ခဲ့သေးတာ၊ အဲ့တာတွေထပ် အဲ့လူကြီးက ကျွန်တော်အိပ်ပျော်နေချိန်မှာ ခိုးနမ်း‌ခဲ့သေးတာ။

ဂျောင်ကု ‌ရေချိုးအဝတ်စားလဲပြီးထွက်လာတဲ့အခါ ပြုံးလိုက် ရယ်လိုက် လုပ်နေတဲ့ ပေါက်စကိုတွေ့လိုက်ရတယ်။အလွန်အမင်း သဘောကျနေဟန် ရယ်သံလွင့်လွင့်လေးကို ဆက်တိုက်ကြားရတဲ့အခါ စိတ်တူကိုယ်တူ လိုက်ပြုံးမိတယ်။ဒီကလေးလေးက သူ့ကိုဒီလောက်တောင် သဘောကျသတဲ့လား။

လောကကြီးမှာ သူ့ကိုအများကြီး သဘောကျနေတဲ့ကောင်လေးက သူ့ဘေးရောက်နေသတဲ့လား၊သူနဲ့အတူရယ်မောပြီး သူနဲ့ပဲအတူငိုပေးခဲ့တယ်။မျက်နှာတည်နဲ့ကောင်လေးက အခုသူနဲ့တွေးတိုင်း သွားတန်းလေးတွေ ပေါ်တဲ့အထိ ရယ်ပြလာတယ်။

"ခင်ဗျားကြီး အဲ့နားမှာ ဘာလို့ကျောက်ရုပ်ကြီးလိုရပ်နေတာလဲ"

"ဟင်"

အခုမှ အသိပြန်ဝင်လာတဲ့ဂျောင်ကု

"ကျွန်တော်အကြောင်းတွေ တွေးပြီးကြည်နူးနေတာမလား"

"ငါက ဆယ်ကျော်သက်ကလေးမဟုတ်ဘူး"

"မဟုတ်လို့ပါပဲနော် ညလယ်ခေါင်ကြီး ရောက်ချလာပြီးတော့"

"ထယ်ယောင်း!"

ထယ်ယောင်းက သဘောတကျ တခိခိရယ်နေပြီး...

"ခင်ဗျားက လူရောဟုတ်ရဲ့လား"

"ဘာ ငါကလူမဟုတ်လို့ သရဲလား"

"ဟုတ်လောက်တယ် ခင်ဗျားကြီးသရဲပဲနေမှာ၊ အသက် ၄ဝကျော်သာ ပြောတာ နုပျိုနေတာပဲလေ၊အမှန်ဆို အသက်၉၀ကျော်ပြီမလား၊ နုချင်ယောင်ဆောင်နေတာမလား"

"ဘာကွ"

မဆိုင်းမတွ ဖြေလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ကု ခေါင်းခါရမ်းမိတယ်။

LOVE KNOT [COMPLETE ]Where stories live. Discover now