Part-15

1.3K 62 9
                                        

[Unicode]

သူ့ကိုမြင်တာနဲ့ ပြေးချလာမှာသိပေမယ့် ဒီလောက်မြန်မြန် ပြေးလာလိမ့်မယ်လို့မထင်ထား၊သူ့ဆီပြေးလာတဲ့ကောင်လေးက မျက်ရည်တွေနဲ့ ဖုန်းပြောတည်းက ငိုသံကြားနေရတာမို့ လူကနေထိုင်မကောင်းချင်၊ ရင်ထဲ ဗလောင်ဆူတဲ့ထိ ငိုသံကြားတိုင်း သူနေမရခဲ့။

အနားမရောက်ခင် လက်လေးနှစ်ဖက်ကိုဆန့်တန်းလျက်ပြေးလာဟန်က သူပျောက်သွားမှာကြောက်နေဟန်၊ ခပ်စွာစွာ ရန်တွေ့ပြီး‌ ဒေါသကြီးတတ်တဲ့ကောင်လေးက သူ့ကြောင့် အမြဲငိုနေရပါ့လားဆိုတဲ့ အတွေး နာကျင်ရပြန်တယ်။

"အီးဟီး အရမ်းလွမ်းနေတာ အရူးကြီးရဲ့"

ငိုသံကြီးနဲ့အတူ လူပေါ်ခုန်တက်လာတာကြောင့် အနောက်ကို‌အတော်လေးယိုင်ကျသွားတယ်။နှစ်ယောက်အားကို မလဲအောင်ထိန်းထားရင်း လူပေါ်ကခန္ဓာကိုယ်လေးကို တင်းနေအောင်ဖက်ထားလိုက်တယ်။

"လွမ်းနေတာသိလား"

စကားတွေအများကြီးပြန်ပြောချင်ပေမယ့် လူကအာစေးမိနေသူလို ငြိမ်သက်နေမိတယ်။

"အေးနေမှာပဲ လူကြီးရယ်၊အများကြီး အေးနေမှာပဲ"

စကားတွေလည်း တတွတ်တွတ်ပြော အာငွေ့လည်းပေးရင်း အသင့်ယူလာတဲ့ မာဖလာလေးကို လည်တိုင်မှာ တယုတယ ပတ်ပေးလာတယ်။

ဒီကောင်လေးနဲ့အတူရှိနေတိုင်း ကလေးပေါက်စသဖွယ် အမြဲယုယခံနေရတာ မက်မောဖွယ်ရာ၊ ကလေးတစ်ယောက်ကိုဂရုစိုက်နေရသလို ဗျာများနေပုံက အချစ်နဲ့သိပ်တူတာပဲ။

ကင်မ်ထယ်ယောင်းမသိလို့ပါ၊မသိလို့စိတ်ပူနေတာ ဒီမျက်နှာလေးကိုမြင်လိုက်ရတည်းက သူလုံးဝမအေးတော့တာ ထယ်ယောင်းမသိပါ။

စိတ်ရှိတိုင်းဆို နှုတ်ခမ်းကို တမေ့တမော့ နမ်းမိနေမှာအခုတော့ မထိရဲသေး။

"ကျွန်တော်ကို လွမ်းလို့ပြန်လာတာလားဟင်"

မဝံ့မရဲမေးလိုက်တဲ့အခါ မျက်နှာလွှဲသွားတယ်၊အခုအခြေအနေမှာ ခုန်လှုပ်နေတဲ့ ရင်ခုန်သံတွေက ခင်ဗျားကြားသွားမှာ ကြောက်ရလောက်အောင် ‌ဗြောင်းသတ်နေချိန် ကြားလိုက်ရတဲ့ အသံတိုးရှရှ..

LOVE KNOT [COMPLETE ]Where stories live. Discover now