[Unicode]
*မောင် မောင်တဲ့လား၊ လူဆိုးလေးတဲ့လား။
တစ်စုံတစ်ရာက သူ့ဆီအားပြင်းပြင်းရိုက်ခတ်လာတဲ့အခါ နားထောင်စရာမလိုအောင် သူသိခဲ့ပြီ၊ ကိုယ့်အတွက်ပြန်ရောက်လာပေးတယ်ဆိုတဲ့အသိ ရူးသွားဖို့လုံလောက်ပါတယ် အချစ်ရယ်။
ခင်ဗျား ငိုရင် ကျွန်တော်ကိုယ်တိုင် မျက်ရည်သုတ်ပြီး ဖက်ထားပေးမယ် ဆိုတဲ့စကားလေး။
ခင်ဗျားကို စောင့်ရှောက်ပေးချင်တယ်ဆိုတဲ့ စကားလေး။
စတွေ့တည်းက အလျှော့ပေး အလိုလိုက်ခဲ့တဲ့ ပေါက်စရဲ့ မေတ္တာ မျက်ဝန်းလေး။
အရာအားလုံးခြုံငုံမိတဲ့အခါ လူမိုက်ကြီးက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်မိတယ်။
*အရောက်ပြန်ခဲ့သတဲ့လား အချစ်ရယ်၊ မင်းမို့လို့ ဒီလူမိုက်ကြီးကို ထပ်ချစ်ခဲ့သတဲ့လား။ မောင်ရူးတော့မယ် အချစ်ရဲ့၊ မောင်တကယ်ရူးတော့မယ် ထယ်ရယ်။
စကားတစ်ခွန်းမှမဆိုပဲ မျက်ရည်တွေနဲ့ငေးကြည့်မိတဲ့အခါ မျက်နှာမဲ့မဲ့လေးဖြစ်လာတယ်။ သူ့အကျင့်လေးအတိုင်း လက်လေးဆန့်လိုက်ပြီး..
"ဘာလို့ ဒူးထောက်နေရတာလဲ၊အခုထိ မိုက်ရူးရဲနေတုန်းလား၊ ဘယ်အချိန်ကျမှ မောင်အရွယ်ရောက်လာမှာလဲ၊ ဒါတွေကြောင့် စိတ်မချနိုင်တာသိရဲ့လား၊ဖက်ထားချင်လို့၊ အခုဖက်ထားချင်လို့ရူးတော့မယ်"
တိုးတိမ်နေတဲ့အသံလေးနဲ့ လက်လေးဆန့်တန်းလျက် ကြိုဆိုနေဆဲ၊ မျက်နှာလှလှလေး မျက်ရည်လုံးတွေစီးကျလာတာ မြင်တဲ့အခါ နှလုံးသားတစ်ခုလုံး ထုထောင်းခံလိုက်ရသလို၊ခြေလှမ်းတွေလဲရွေ့မရ၊ နှုတ်ကလည်း ဖွင့်ဟမရ၊ ငူငူကြီး မျက်ရည်တွေစီးကျနေတဲ့အခါ မြတ်နိုးရာလေးက လဲလျောင်းရာကနေ အနိုင်နိုင်ထလာရှာတယ်။
ဒါတွေငေးကြည့်နေတဲ့ထိ ပြေးမပွေ့ရဲသေး၊ မျက်စိရှေ့ကနေပျောက်ကွယ်သွားမှာလား၊ဒီဖြစ်ရပ်က အစစ်လား အမှန်လား အမှားလား ဝေးခွဲနေဆဲမှာ ခေါင်းခါရမ်းပြီး ပြေးပွေ့မိတဲ့ သူ့ရဲ့နှစ်ဘဝစာ မေတ္တာကလေး။
ဒီနေ့ကစပြီး အချစ်ကို ပိုချစ်လား၊ ပေါက်စကိုပိုချစ်လားဆိုတဲ့ မေးခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်တော့ဘူး၊ပိတ်လှောင်မနေတော့ဘူး။
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfiction"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...