Part-11

749 49 0
                                    

[Unicode]

ကောင်းကင်တစ်ခွင်မှာ တိမ်ရိပ်လေးတွေ ညိုမဲလို့မှောင်နေရာကနေ ရွာချလာသောမိုးများ၊အချိန်တစ်ခုကြာတဲ့ထိ မစဲသောမိုးတွေကြောင့် စက်ဘီးပေါ်အမြန်တက်ပြီး နင်းထွက်လာခဲ့တယ်။

မိုးစက်တွေကြောင့် လမ်းကိုသေချာမမြင်ရတဲ့ဂျောင်ကုက လမ်းဘေးကနေ ပြေးထွက်လာတဲ့ လူတစ်ယောက်ကို တိုက်မိမလိုဖြစ်သွားခဲ့တယ်။

ဂျောင်ကု လဲကျသွားတဲ့စက်ဘီးကို ထောင်လိုက်ပြီး၊ လဲကျသွားတဲ့ လူရဲ့ ထီးကိုပါကိုင်ပေးပြီး မိုးပေးလိုက်တော့ သူ့ကိုမော့ကြည့်လာကာ...

"မင်း လမ်းကိုစေချာမကြည့်ဘူးလား၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်ဘူးလား၊ အခုကြည့် မင်းလုပ်တာ အကုန်စိုကုန်ပြီ၊ ပြောနေတာမကြားဘူးလား ဘာလို့ပြူးပြဲကြည့်နေတာလဲ"

အကောင်သေးသေးလေးနဲ့နှုတ်ခမ်းလေးစူပြီး ရန်တွေ့နေတဲ့ပုံကအသည်းယားဖို့‌ကောင်းတာကြောင့် ဂျောင်ကုထီးလေးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းလေးစောင်းကာ ပြုံးကြည့်နေမိတယ်။

"ဘာမှလည်းပြန်မပြောဘူး ဒီမှာ!!"

လက်ကိုလာရိုက်မှ အသိပြန်ဝင်လာတဲ့ဂျောင်ကု

"ဟမ်"

"ငါပြောတာရော ကြားလား၊ မင်းကြောင့် ဖြစ်တာလေ ထူပေးဖို့အစီစဉ်မရှိဘူးလား"

"မဟုတ်ပါဘူး"

လက်လေးတစ်ဖက်ကိုကိုင်ပြီး ထူပေးလိုက်တော့ လက်ထဲက ထီးကိုပြန်ယူပြီး

"နောက်တစ်ခါ လမ်းကိုသေချာကြည့် ၊လူမဟုတ်ဘဲ ကားဖြစ်နေမှ မသာပေါ်နေမယ်"

လူကိုရန်တွေ့ပြီးထွက်သွားတဲ့ အကောင်သေးသေးလေးကို ဂျောင်ကု မိုးရေထဲမှာ ပြုံးပြီးသာ ရပ်ကြည့်နေမိပြန်တယ်။

မိုးသည်းထဲမှာ ကျွန်တော်တို့နှစ်ယောက်စစုံခဲ့တယ်။မိုးသည်းထဲမှာပဲ ကျွန်တော် အချစ်ကိုတွေ့ရှိခဲ့တယ်။

"ဂျောင်ကု မင်းအခုတလော ဘာတွေတွေးနေတာလဲ တမှိုင်မှိုင်နဲ့"

"ဘာမှမဟုတ်ပါဘူး ငါတို့အတန်းလစ်ရအောင်"

"မင်းဘာသာလစ်နော် ငါကဆရာဝန်လောင်းလေး စာကြိုးစားရမယ်"

LOVE KNOT [COMPLETE ]Where stories live. Discover now