Part-17

713 46 2
                                    

[Unicode]

လေညှင်းလေးတွေတိုက်ခတ်မှုက လူကိုအေးချမ်းသွားစေသလို တောက်ပတဲ့အပြုံးလေးကလဲ လူကိုနွေးထွေး စေပြန်တယ်၊ အလုပ်များနေလို့ အချိန်မပေးနိုင်ခဲ့တဲ့အတွက် ပန်းခြံကိုလိုက်ပို့ပေးတော့ ပျော်ရွှင်နေတယ်၊ ထိုကောင်လေးက သူ့ကိုသိပ်ချစ်သတဲ့လား ကိုယ်နှလုံးသားလဲ နောက်တစ်ကြိမ် ထပ်မှန် နိုးထလာပြီ ထင်ပါရဲ့ ကလေးငယ်ရယ်။

"ဂျွန်ဂျောင်ကု"

၈ပေအကွာလောက်ကနေ အော်ခေါ်လာတာကြောင့် ခေါင်းညိတ်ပြလိုက်ချိန်...

"ချစ်တယ်!"

"သိတယ်"

ပေါက်စက အော်ပြောသလို သူကပါးစပ်လှုပ်ရုံမျှ ပြောတော့ အပေါက်စက ဘာတွေသဘောကျမှန်းမသိ တခိခိနဲ့ ရယ်နေတော့တာ

"ခင်ဗျားကြီးကို အရမ်းချစ်တယ် သိလား!!"

အသကုန် ကုန်းအော်နေတာမလို့ မျက်လုံးပြူပြလိုက်တော့ တဟားဟားအော်ရယ်ကာ ပြေးထွက်သွားလို့ အနောက်ကလိုက်ရပြန်တယ်။

"အသက်၉၀ကျော် ဘဲကြီးက အရမ်းချောတာပဲ"

"ဟ"

ဘယ်လိုတွေတောင် အော်ဟစ်နေတာပါလဲ လူကို အသက်၉၀ကျော်ဘဲကြီးတဲ့

"ထယ်ယောင်း"

"ချစ်တယ်!!"

"ဘာလို့အော်နေတာလဲ"

"ညဆို အိပ်ပြီ ထင်ပြီး ခိုးခိုးနမ်းတဲ့လူကြီး"

ဘယ်လို သတ္တိနဲ့ အော်ပြောရဲရတာလဲ ပေါက်စရာ၊ ထယ်ယောင်းတော့ မသိ သူတော့ ရှက်လို့ လူပင် ပူထူလာသည်။

ပြေးထွက်သွားတဲ့ ထယ်ယောင်းနောက်ကို မလိုက်မိဘဲ ရှက်ပြီး အကြာကြီးရပ်နေမိတယ်။

ထယ်ယောင်း ဂျောင်ကုကို စနောက်ပြီး သဘောကျကာ ရယ်ပြီး ပြေးထွက်လာမိတယ်။

"ထယ်ယောင်း"

"ဗျာ"

နာမည်ခေါ်လို့ ပြူးပြူးလေးလှည့်ကြည့်မိတော့ တွေ့လိုက်ရတဲ့ လူကြောင့် ပြုံးပျော်သွားမိတယ်။

"ဟိုဆော့ ဟျောင်း"

"တစ်ယောက်တည်းလား"

"မဟုတ်ဘူး၊ မမ အဆင်ပြေလား"

LOVE KNOT [COMPLETE ]Where stories live. Discover now