Part-9

735 45 0
                                    

[Unicode]

အိပ်ပျော်တာ အချိန်ဘယ်လောက်မှတောင်မကြာသေး တဒူဒူနဲ့ မြည်လာတဲ့ဖုန်း

"ဟာဒီသောက်ဖုန်း"

ထယ်ယောင်း ဖုန်းကိုကိုင်လိုက်ပြီး

"ဘာလဲပြော"

"ရေချိုးချင်လို့"

"ဘာ!!...ခင်ဗျား ကျုပ်ကိုဘာဖြစ်စေချင်နေတာလဲ..ချိုးချင်တာကိုချိုးပါလား၊ ဘာလဲကျုပ်က လာချိုးပေးနေရမှာလား"

"အဝတ်စားဘယ်လိုချွတ်ရမလဲ"

"ခင်ဗျားအိမ်မှာ အလုပ်သမားတွေတပုံကြီး၊"

"အိပ်ကုန်ပြီ"

"အဲ့တာဆို ကျုပ်လည်းအိပ်နေတယ်လေ၊ ခင်ဗျားက လူလိုနားလည်မလိုလိုနဲ့ တစ်စက်လေးမှ လူလိုနားမလည်ဘူး"

"အဲ့တာတွေရောက်မှပြောပါ ကိုယ်အခုရေအရမ်းချိုးချင်နေတယ်"

"ချိုးချင်ချိုး မချိုးချင်နေ ကျုပ်အပူမဟုတ်ဘူး"

"အကျီနဲ့ ဘောင်းဘီဘယ်လိုချွတ်ရမလဲ"

"လူလိုချွတ်ဗျာ လူလိုချွတ်"

"လက်က.."

"အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်းမစားရနဲ့ မလာဘူးဗျာ မကျေနပ် လေဖြတ်သေ"

ပြောချိန်တောင်မရလိုက် ဖုန်းချသွားတာကြောင့် ဂျောင်ကုရယ်လိုက်မိတယ်။သူဒီအကောင်ပေါက်လေးနဲ့ အတူအိပ်‌ရအောင် ဘယ်လိုလုပ်ပါ့။

--------------------
--------------------

ထယ်ယောင်း အလုပ်လုပ်နေတာ၁၀ရက်ပင်ရှိပြီ၊ဒီရက်တွေမှာ ရန်ပွဲတွေအလီလီဖြစ်ခဲ့ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာကြတယ်။အရင်ကထက်လည်းပိုပြီး ရင်းနှီးလာတယ်။ အလုပ်ရှင်ကိုလည်း ဘယ်လောက်ပြန်အော်အော် ဘယ်လောက်ပြန်ဟောက်ဟောက် မငြိုငြင်ပဲ ပိုစိတ်တိုအောင် စလာတယ်။ဒါ‌ေပမယ့် ကျွန်တော် လူကြီးပေါ်မှာ တာဝန်တွေလုံးဝမလစ်ဟင်းစေပါဘူး။

အချိန်တိုင်းစနေသလို တစ်ခါတစ်လေလည်း တိတ်ဆိတ်နေပြန်လို့ မသက်ာသလိုကြည့်ပြီး မေးမိပြန်တဲ့စကား...

"ဆေးရုံပို့ပေးရတော့မှာလား"

"ဘာလို့လဲထယ်ရဲ့"

LOVE KNOT [COMPLETE ]Where stories live. Discover now