[Unicode]
ထယ်ယောင်း ကြောင်ငေးနေဆဲမှာ ဆက်ခနဲ ဆောင့်ဆွဲခံလိုက်ရပြီး တစ်ကိုယ်လုံး နွေးထွေးတဲ့ ရင်ခွင် တစ်ဆုံး နှစ်မြုပ်သွားခဲ့တယ်။ နမ်းချင်နေတဲ့ သူက ထယ်ယောင်းဖြစ်ပေမယ့် နမ်းရှိုက်နေသူက ခင်ဗျားဖြစ်နေတဲ့အခါမှာ လူက ဒူးတွေတစ်ဆုံး ညွတ်ကျသွားချင်ခဲ့တယ်။
အောက်ကိုပုံကျသွားပြီလို့ ထင်လိုက်ပေမယ့် သန်မာတဲ့လက်နှစ်ဖက်ကြားမှာ ထယ်ယောင်း တစ်ကိုယ်လုံး မြောက်တက်သွားတယ်။ ထယ်ယောင်း ခါးတစ်ဝိုက်ကို သန်မာတဲ့လက်တွေက မြွေတစ်ကောင်ကို ရစ်သိုင်းဖက်ထားတယ်။
သေတော့မှာ၊ ရင်ခုန် လွန်းလို့သေရတော့မယ်။ ချစ်ရတဲ့ လူဆီက အနမ်းရှိုက်ခံနေရတယ်ဆိုတဲ့ အသိက လူကို နောက်တစ်ကြိမ် မျက်ရည်ထပ်လာစေပြန်တယ်။
ထပ်ပြီး မရပ်တန့်သေးပဲ နမ်းရှိုက်နေအုံးမယ်ဆိုရင် မေ့မျောသွားတော့မယ်။ အချစ်ဦး ဆီက ပထမဆုံး အနမ်းကို ဆွဲမက်နေတောင် အနမ်းရှိုက်ခံနေရတော့ ဒူးတွေ ခွေယိုင်တဲ့ထိ လက်ခံနေရတယ်။
ခဏကြာတော့..
"ဘာလို့ ငိုနေသေးတာလဲ ကျစ်"
အသံဆုံးတာနဲ့ ထယ်ယောင်းတစ်ကိုယ်လုံးကို သိမ်းပွေ့ဖက်ခံလိုက်ရပြီး ဆိုဖာနားကိုလျှောက်သွားတယ်။
ထယ်ယောင်းကတော့ ရင်ခုန်တာရော၊ငိုချင်တာရော၊ရှက်တာရော ဘာမှန်းမသိတဲ့ ခံစားချက်တွေ ပေါင်းစုံပြီး ဂျောင်ကုရဲ့ ရင်ခွင်ကြားမှာ မျက်မှာကို မြှုပ်ထားမိတယ်။
ခဏကြာတော့ ဆိုဖာပေါ်ကို ညင်သာစွာတင်ပေးလာတယ်။ မျက်နှာကိုမော့ကြည့်လိုက်ချိန် ခုနက နမ်းထားတာ သူမဟုတ်သလိုပဲ မျက်နှာဟာ ပကတိ တည်တင်းနေတယ်။အခုအနေထားမှာ ဂျောင်ကုက ခါးကိုင်းပြီး ထယ်ယောင်းကိုစိုက်ကြည့်နေတယ်။
စကားတစ်ခွန်းမှ ထွက်မလာဘဲ လေထုက နှစ်ယောက်ကြားမှာ ကြီးစိုးနေတဲ့အခါ ရင်မဆိုင်ရဲသလို ခေါင်းငုံ့ချလိုက်မိတယ်။ဒါပေမဲ့ မအောင်မြင်၊ ဖမ်းကိုင်လိုက်တဲ့ကြားမှာ ထယ်ယောင်းမျက်နှာပြန်ပါသွားတယ်။ခုနက အနမ်းကြောင့် စိုစွတ်နေတဲ့ ထယ်ယောင်းနှုတ်ခမ်းကို လက်မလေးနဲ့ ပွတ်ဆွဲဖျက်ပေးတယ်။
YOU ARE READING
LOVE KNOT [COMPLETE ]
Fanfic"ဝေးသွားလို့မဖြစ်ဘူးမောင်ရဲ့..မောင်နဲ့ဆိုပြီး မက်ထားတဲ့အိမ်မက်တွေ၊စိတ်ကူးတွေမှအများကြီး၊အဲ့တာကြောင့်မြန်မြန်ပြန်လာခဲ့ပါနော်၊ငါကျိန်းသေစောင့်နေမယ်" "ကိုယ်ပြန်လာရင် အရာအားလုံးကိုအတူတူလက်တွဲရင်ဆိုင်ပြီး တစ်ဘဝလုံးအတူနေပေးမယ်၊ မောင့်ကိုကျိန်းသေစောင့်နေမယ...