4

209 9 0
                                        

4(uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၄





ကျန်းလော့ကျစ် တံခါးဝတွင်ရပ်နေသေးသည်ကိုမြင်လျှင် ချောင်းမိုသည် အပြေးအလွှားသွားကာ ကျန်းလော့ကျစ်ကို ထိုင်ခိုင်းပြီး “ မစ္စတာ ကျန်း၊ ထိုင်ပါဦး။"



"မစ္စတာ ကျန်း၊ ရှင်ဘာစားချင်လဲ "



" မစ္စတာ ကျန်း၊ ရှင်ရော ဘာကြည့်ချင်တာလဲ။ ကျွန်မက ခုလေးတင် ရှိုးပွဲကြည့်နေတာ "



ကျန်းလော့ကျစ်သည် ၎င်းကို တချက် စိုက်ကြည့်လိုက်ရင်း သူ့ရှေ့ ကော်ဖီ စားပွဲပေါ်တွင် အဆာပြေမုန့် မျိုးစုံ ရှိနေသည်ကို တွေ့လိုက်ရသည်။ အချို့မှာ သူ တစ်ခါမှ မမြင်ဖူးသော မုန့်များပင်ဖြစ်သော်လည်း

သူသိသလောက်ကတော့ အိမ်ထဲတွင် ထိုကဲ့သို့ သရေစာများသိမ်းဆည်းထားလေ့ မရှိပေ။ ဒီလို အချိန်တိုလေးအတွင်းမှာ သူမ ဘယ်ကနေ ဒီလောက် အဆာပြေ မုန့်တွေ အများကြီး ရလာတာလဲ။



သူဘာမှ အတိအကျမသိရသေး သော်လည်း၊ သူ အစက တွေးထားခဲ့တာက သူပြန်လာသည်နှင့် ချောင်းမို၏ ငိုသံကို ကြားရလိမ့်မည်။ သို့တည်းမဟုတ် အဆက်မပြတ် စုံစမ်းမေးမြန်းတာတို့ ပြုလုပ်လိမ့်မည်ဟုပင်။ ဒါပေမယ့် သူ့ကို အံ့သြသွားစေတာက တခြားသူသည် ဘာမှမဖြစ်ခဲ့သလို ပြုမူနေခြင်းသာဖြစ်၏။



" စကားပြောရအောင်၊ ဒီတစ်ခေါက်ရော မင်း ဘာတွေတောင်းဆိုမှာလဲ "



ကျန်းလော့ကျစ်သည် ချောင်းမို၏ မျက်နှာချိုသွေးမှု အပေါ် လှုပ်လှုပ်ရှားရှား ဖြစ်မသွားပဲ ချောင်းမိုကို ဒီအတိုင်းပဲ ကြည့်လိုက်သည်။



သူ့မျက်လုံးများသည် နက်ရှိုင်းသော ရေကန်ကဲ့သို့ မည်းနက်နေကာ ရေသေလို တည်ငြိမ်လှ သဖြင့် လူများက ၎င်းတို့ထဲတွင် မည်သည့်ခံစားချက်ကိုမျှ မမြင်နိုင်သည့်အပြင် သူ့ကိုကြည့်မိသော သူများကိုလည်း တိတ်ဆိတ်သောချောက်နက်ထဲသို့ ကျရောက်သွားသလို ဖမ်းစားခံရမည်ပင်။ ဘယ်သူမဆို သူ့ရှေ့ရောက်တာနဲ့ မသိစိတ်ကနေ သေးသိမ်သွားသလို ခံစားရမည်သာဖြစ်၏။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now