26 (uni)
နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၂၆
ကျန်းလော့ကျစ်၏ အပြုံး၊ ကျန်းလော့ကျစ်၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့ သို့မဟုတ် ကျန်းလော့ကျစ်၏ မျက်လုံးများ၏ မသိစိတ်က ဆွဲဆောင်နေမှု၊ ကျယ်ပြန့်သော ပခုံး၊ ခါးသွယ်သွယ်တို့နှင့်အတူ သူ၏ ခြေတံရှည်များ၊ သို့တည်းမဟုတ် ပွင့်ချက်များပမာ တောက်ပသည့် နှုတ်ခမ်းနီနီများသည် ချောင်းမိုကို အရူးအမူး စွဲဆောင်နေသည်။ ချောင်းမိုသည် သူမကိုယ်တွင်းရှိ လောင်မြိုက်နေသော အပူဒဏ်ကို အခြားသူ၏ကိုယ်ပေါ်သို့ သွန်ပစ်ပြီး တူတူလောင်မြိုက်လိုသည့် ဆန္ဒတဖွားဖွားဖြစ်ပေါ်နေသည်။
သူမ၏ ခိုင်မာသော စိတ်ခွန်အားနှင့် သူမ၏ တစ်ခုတည်း ကျန်ရှိသော အသိစိတ်ဖြင့်သာ သူမကိုယ်သူမ ဒုတိယထပ်သို့ တက်သွားတော့ရန် တွန်းအားပေးနေခဲ့သည်။
ဒါပေမယ့် ကျန်းလော့ကျစ်က သူမကို အခုရပ်တန့်လိုက်ပြီး နည်းနည်းဆွဲဆောင်မှုရှိတဲ့ တစ်ခုခုကို လုပ်မိလိုက်တာနဲ့ သူမ လုံးဝထိန်းနိုင်တော့မှာ မဟုတ်ဘူး။
"ငါလည်း အဆင်မပြေဘူး"
ကျန်းလော့ကျစ်သည် ချောင်းမို၏ အတွေးများကို ထွင်းဖောက်မြင်နေနိုင်ပုံရပြီး သူ့အခက်အခဲကိုလည်း သူမအား တိုးညှင်းစွာဖော်ပြခဲ့သည်။
ချောင်းမိုကဲ့သို့ပင် ကျန်းလော့ကျစ်သည် ၎င်းကို ခံနိုင်ရည်မရှိတော့သည့် ကန့်သတ်ချက်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဤအချိန်တွင် သူသည်လည်း သူ့အလိုအလျောက်ဗိီဇက အများစုကို ထိန်းချုပ်လာနေသည်။ သူ ခေါင်းက နည်းနည်းရှင်းနေပြီး အိပ်ခန်းက သူ့ဘေးမှာရှိနေတဲ့အတွက် အဲဒီဆေးတွေက သူ့ကို ဒီအန္တရာယ်ရှိတဲ့အခြေအနေကနေ ခဏတာလွတ်မြောက်အောင် ကူညီပေးနိုင်မယ်လို့ တွေးနေပေမယ့် သူ အဲဒီကို မသွားချင်ဘူး။
ဆရာဝန်ပြောသည့်အတိုင်း နှစ်များတစ်လျှောက် ဖိနှိပ်ဆေးများနှင့် ဖယ်ရိုမုန်းပြောင်းလဲဆေးများ အလွန်အကျွံထိုးသွင်းခြင်းက သူ့ခန္ဓာကိုယ်ကို ရှုပ်ထွေးသွားစေခဲ့သည်။
YOU ARE READING
နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် O
Tiểu Thuyết ChungName - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beautiful Female Lead Calm Protagonist Clever Protagonist Clingy Lover Cold Love Interests Early Romance...