Uni
နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၂၈
ကျန်းလော့ကျစ်သည် အိပ်ခန်းထဲသို့ ဝင်လိုက်ပြီး ကုတင်ဘေး စားပွဲအံဆွဲထဲမှ e-book ပါးပါးလေးကို ထုတ်ယူပြီးနောက် မျက်လုံးကို ငုံ့ရင်း နှုတ်ခမ်းတင်းတင်းစေ့ကာ တစ်ခုခုကို လေးနက်စွာ ပြင်ဆင်ရေးသားနေသည်။
ခဏအကြာတွင်၊ သူက notebook ကို ချောင်းမိုဆီ ကမ်းလိုက်ပြီး "ဒါ ငါ့ရဲ့ စာချုပ်အသစ်ပဲ။ တစ်ချက်ကြည့်လိုက်ဦး "
အဲဒါကို စဉ်းစားပြီးနောက် ကျန်းလော့ကျစ်က ရိုးရိုးရှင်းရှင်း ထပ်ဖြည့်ပြောလိုက်သည်။ “မင်းမှာ တခြားလိုအပ်ချက်တွေရှိသေးရင် အခုပဲ ထပ်ဖြည့်ပြောလို့ရတယ်။ သိပ်တရားလွန်မဖြစ်သရွေ့ ငါစဥ်းစားပေးမယ်။"
ရေချိုးကန်ထဲမှာ ရေစိမ်ရင်း ကျန်းလော့ကျစ်လည်း ဒါကို တွေးမိခဲ့ခြင်းဖြစ်သည်။ ဂလင်းဖယ်ထုတ်ဖို့ ခွဲစိတ်မှုက အစောဆုံးဆိုတောင် တစ်လကျော်လောက်လိုသေးသည်။ ချက်ချင်းဖယ်ထုတ်ဖို့ရန်လည်း သူ့တွင့် တခြားနည်းလမ်းမရှိပေ။
ပြီးခဲ့တဲ့လ သို့မဟုတ် အဲ့အရင်ထဲက ဖယ်ရိုမုန်း ဖိနှိပ်ရေးဆေးတွေက သူ့အပေါ် သက်တောင့်သက်သာ မဖြစ်တော့တာပင်။ ထို့ပြင် သူသည်လည်း ဒီခက်ခဲတဲ့ကာလတစ်လျှောက်ဖြတ်ကျော်ဖို့ရာ လုံခြုံစိတ်ချရသော အယ်လ်ဖာတစ်ယောက် အရေးပေါ်လိုနေတာဖြစ်သည်။
ချောင်းမို၏ လုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုကို စဥ်းစားဖို့လိုသေးသော်လည်း အခုအချိန် သူ့တွင် အတွင်းလူ အယ်လ်ဖာဆိုလို့ ချောင်းမို တစ်ယောက်သာရှိသည်။
ပြီးခဲ့တဲ့ ယာယီအမှတ်အသားကိုလည်း ကျန်းလော့ကျစ် စိတ်တိုင်းကျသည့်အပြင် အနည်းဆုံးတော့ ချောင်းမိုသည် ယခုအချိန်အထိ သူနှင့် အသင့်တော်ဆုံး အယ်လ်ဖာဖြစ်သေးသည်။
ကျန်းလော့ကျစ် ချောင်းမိုကို မော့ကြည့်လိုက်သည်။
နူးညံ့ရှက်ရွံ့မှုတို့အပြင် တုံးအအနိုင်မှုက သူမ မျက်လုံးထောင့်များတွင် ထပ်ဟပ်နေသည့်အပြင် သူမသည် အခုမှ ကျောင်းသူတစ်ယောက်သာဖြစ်သေးသည်။ လောဘကြီးပြီး အကြံအဖန်များနှင့် ပြည့်နေသော အရေခွံခြုံထားသည့်သူဖြစ်နေရင်တောင်မှ သူမက ထိန်းချုပ်ရန် အလွယ်ကူဆုံးဖြစ်သည်။
YOU ARE READING
နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် O
General FictionName - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beautiful Female Lead Calm Protagonist Clever Protagonist Clingy Lover Cold Love Interests Early Romance...