31

15 1 0
                                    

Uni




နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၁





ချောင်းမို၏ ထပ်ခါတလဲလဲ စွပ်စွဲမှုများအကြား ချောင်းမို စိတ်ရောက်ပြီး ဒေါသထွက်စေမယ့် အရာတစ်ခုခုရှိမယ်လို့ သူခံစားခဲ့ရပေမယ့် တကယ်တမ်း ချောင်းမို အလေးထားနေတာက စာချုပ်ချုပ်ဆိုတဲ့ကိစ္စဖြစ်နေမယ်လို့ တစ်ခါမှ မထင်ခဲ့ပေ။



ဒါပေမယ့် သူတို့အရင်ကလည်း စာချုပ်မချုပ်ဆိုခဲ့ကြဘူးလား။ သူက ချောင်းမိုကို ပိုက်ဆံပေးပြီး ချောင်းမိုကလည်း လူတွေရဲ့ မျက်လုံးအောက်မှာ ဖုံးကွယ်ဖို့ သူ့ချစ်သူအဖြစ် ဟန်ဆောင်ပေးခဲ့ချိန်ကလည်း သူတို့အဆင်ပြေနေသေးတာပဲလေ။ ဒါပေမယ့် သူ့ရဲ့ လိင်အမျိုးအစားရော ချောင်းမိုရဲ့ဟာပါ ထုတ်ဖော်လိုက်ပြီးနောက်မှာ သူ တခြားလုံခြုံရေးအတွက် များပြားတဲ့ အပိုကြေးတွေထည့်သွင်းခဲ့ပေမယ့် ချောင်းမိုရဲ့ သဘောထားကတော့ ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့သည်။



ကျန်းလော့ကျစ်သည် သူ၏ လိင်အမျိုးအစားကို ဖုံးကွယ်ထားခဲ့တဲ့အပြင် သူသည် ချွမ်းရှီတွင်လည်း နှစ်ပေါင်းများစွာ အာဏာရခဲ့သည်။ သူသည် အကုန်လုံးကို ထိန်းချုပ်ဖို့ကို အချိန်အတော်ကြာ ကျင့်သားရနေခဲ့ပြီး ငွေသုံးပြီး အရာအားလုံးကို ဖြေရှင်းခြင်းမှာလည်း ပိုလို့ပင် အကျင့်ဖြစ်နေခဲ့သည်။ သူသည် ကိစ္စတိုင်းတွင် ငွေကြေး အပေးအယူလုပ်နိုင်ပြီး အကျိုးစီးပွားကသာ လူနှစ်ဦးကြား ခိုင်မြဲစွာ ချည်နှောင်နိုင်မည့်အရာဟု ယုံကြည်ထားသည်။



ချောင်းမို၏ သဘောထားက သူ့ကို နားမလည်နိုင်သော ထိန်းချုပ်မှု ဆုံးရှုံးသွားရသလို ခံစားမှုမျိုး ဖြစ်ပေါ်စေသည်။



"ရှင်းရှင်းပြောရမယ်ဆို ကျန်းလော့ကျစ်၊ ရှင် အရမ်းလွန်တယ်!"



ချောင်းမိုသည် ကျန်းလော့ကျစ်၏ အပြစ်ကို ဆက်တိုက် ထိုးဆွခဲ့ပြီး နောက်ဆုံးတွင် ပြင်းပြင်းထန်ထန်မှတ်ချက်ပြုလိုက်သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now