30

158 7 2
                                        

Uni





နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၃၀





ချောင်းမို အံ့အားသင့်သွားသည်။ ဟုတ်သားပဲ သူမတစ်ယောက်တည်း နေဖို့ တိုက်ခန်းတစ်ခန်း ငှားနိုင်သားပဲ၊ ပြီးတော့ သူမ ကတ်ထဲမှာက လက်ကျန်ငွေကလည်း အဲ့လိုလုပ်ဖို့လောက်တယ်။



ချောင်းမိုက သူမရဲ့ အကြံကို လက်ခံလိုက်တာကို ကြားတော့ စုရှုက အရမ်းဝမ်းသာသွားပြီး "သွားကြရအောင်၊ အရင်ဆုံးအိမ်တစ်လုံးရှာပြီးမှ နေ့စဥ်အသုံးအဆောင်တွေဝယ်ရအောင် "



သူတို့နှစ်ဦးသည် တစ်နေကုန်နီးပါး လှည့်လည်သွားလာနေကြပြီး နောက်ဆုံးတွင် တက္ကသိုလ်နှင့် အလွန်နီးသည့် ဈေးသက်သာသော တိုက်ခန်းလေးတွင် အထိုင်ချလိုက်ကြသည်။ စပေါ်ငွေပေးပြီးနောက် ချောင်းမိုသည် အလွန်ပျော်ရွှင်သွားပြီး စုရှုကို ညစာစားရန် ခေါ်သွားခဲ့သည်။



စုရှုသည် ချောင်းမို အဲ့လို ချမ်းသာ ပြီး အာဏာရှိသူရဲ့ အနိုင်ကျင့်သည့် ဆက်ဆံရေးကနေ လွတ်မြောက်လာတဲ့အတွက် အရမ်းဝမ်းသာနေပြီး သူမကို နှစ်ခွက်လောက် ကမ်းပေးလိုက်သည်။



" ညီအစ်မ၊ နင် စောင့်ကြည့်လိုက်၊ ဒီကမ္ဘာအဆုံးမှာ နင် မစိုးမိုးနိုင်တဲ့ အယ်လ်ဖာဆိုတာ မရှိဘူး။ "



စုရှူသည် ဝိုင်သောက်ပြီး ချောင်းမို စိတ်သက်သာရာရစေမည့် ကြွေးကြော်သံများကို ဟစ်ကြွေးနေသည်။



ချောင်းမိုက ကူကယ်ရာမဲ့ ခေါင်းခါနေလိုက်သော်လည်း သေချာ မရှင်းပြနိုင်သောကြောင့် စုရှုနှင့်လိုက်ပြီး နှစ်ခွက်လောက်သောက်ခဲ့သည်။



သူမတွင် အရက်မူးလွယ်သော ကိုယ်ခန္ဓာရှိလေသည်။ နှစ်ခွက်သောက်ပြီးနောက် မျက်နှာနီရဲလာသဖြင့် စုရှု အား တောင်းပန်ပြီး မျက်နှာသစ်ရန် သန့်စင်ခန်းသို့ သွားလိုက်သည်။



သန့်စင်ခန်းအဝမှာ ရပ်နေတဲ့ချောင်းမိုက အစကတော့ အမျိုးသမီး သန့်စင်ခန်းကို သွားမလို့ပဲ။ ဒါပေမယ့် လမ်းညွှန်ချက်နှစ်ခုကိုလည်းတွေ့ရော သူမဘယ်သွားရမလဲဆိုသည်ကို ကြံရာမရဖြစ်သွားခဲ့သည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now