18 (uni)
နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O
အပိုင်း ၁၈
ချောင်းမို၏ လက်ချောင်းများက သူ့လည်ပင်းရှိ ဂလင်းများကို မသိစိတ်ဖြင့် ဖိလိုက်မိသည်။ အေးစက်နေသော လက်ချောင်းထိပ်များက ရောင်ရမ်းနေသော ဂလင်းများကို ညင်သာစွာ ထိတွေ့နေရာ ကျန်းလော့ကျစ်၏ အတွေးများကို ပို၍ဖရိုဖရဲ ဖြစ်လာစေသည်။ သူ မသိစိတ်က ခေါင်းကိုငုံ့လိုက်မိပြီး ချောင်းမိုထံ သူ၏ သွယ်လျသော လည်တိုင်ကို ပိုပြီး ပြသနေသယောင်ဖြစ်နေခဲ့သည်။
သူထင်တာက သူရဲ့ လိင်မျိုးကွဲမှန်ကို ရုတ်တရက် ဖွင့်ပြောလိုက်တာကြောင့် ချောင်းမို ဒါကို မယုံနိုင်ဖြစ်ပြီး သူမ မသိလိုက်ဘဲ စစ်ဆေးလိုတာကြောင့် သူ့ရဲ့ဂလင်းတွေကို ဘွင်းဘွင်းရှင်းရှင်း ထိလိုက်မိတာ ဖြစ်ရမယ်။
ပထမတော့ ကျန်းလော့ကျစ်က အဲဒါကို တင်းခံထားချင်ပေမယ့် သူ့ဂလင်းတွေရဲ့ နာကျင်မှုက သူ့ကို ထိန်းချုပ်မှု လွတ်လုနီးပါးဖြစ်သွားစေသည်။
သူက ဆို့နင့်နေပြီး ချောင်းမိုကို တားလိုက်ကာ သူမကို ဆေးမြန်မြန်ထိုးဖို့ ပြောလိုက်ရသည်။ အဲ့လိုမှ မဟုတ်ရင် တကယ် နောက်ကျသွားပေလိမ့်မည်။
"တောင်းပန်ပါတယ် မစ္စတာ ကျန်း"
ချောင်းမိုသည် သတိပြန်ဝင်လာပြီး သူမ၏ ခါတိုင်း နှင့် မတူဘဲ ဘာလို့ အခုမှ မယဥ်မကျေး ပြုမူနေမိသည်ကို နားမလည်နိုင်ပေ။
ကျန်းလော့ကျစ်က သူ့ကို ဖိနှိပ်ဆေးထိုးခိုင်းချိန်တွင် ကျန်းလော့ကျစ် လည်ပင်းနားတဝိုက် အရေပြားက နည်းနည်း ထူးဆန်းနေသည်ကို သူမ ရုတ်တရက် တွေ့လိုက်ရတဲ့အတွက် မနေနိုင်ပဲ ထိလိုက်မိတာပင်။
ကျန်းလော့ကျစ်၏ လည်ပင်းဘေးတဝိုက် အရေပြားတွင် မှော်အစွမ်းတစ်မျိုးမျိုးရှိသကဲ့သို့ သတိလက်လွတ်ဖြင့် ထိလိုက်မိပြီး ထိုနေရာကို ထပ်ခါတလဲလဲ ပွတ်သပ်ရန် သူမလက်ချောင်းထိပ်များ ဆန့်ထုတ်မိခြင်းဖြစ်၏။
YOU ARE READING
နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် O
Ficción GeneralName - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beautiful Female Lead Calm Protagonist Clever Protagonist Clingy Lover Cold Love Interests Early Romance...