24

22 3 0
                                    

24 (uni)

နူးညံသော အမျိုးသမီးအရံဇာတ်ကောင် A နှင့် အာဏာရှင် အမျိုးသားဇာတ်လိုက် O

အပိုင်း ၂၄





သူလက်အိတ်မဝတ်ထားဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသောကြောင့် သူ့အကျီလက်တွေတောင် လိပ်တက်လာပြီး သူ့လက်ကောက်ဝတ်တွင် နောက်ဆုံးတစ်ခေါက်က ချောင်းမို ချန်ခဲ့တဲ့ ပျောက်ခါနီး အပြာနုရောင် လက်ဗွေရာများပင် ပေါ်လာသည်။



ကြောက်မက်ဖွယ် ရက်စက်ယုတ်မာမှုများ ခံစားလာရသလို သူ၏ နုနယ်သိမ်မွေ့သော အသွင်အပြင်သည် ဖြားယောင်းနိူင်သဖြင့် ချောင်းမိုသည် ရှက်ရွံ့စွာ ခြေတစ်လှမ်းပြန်ဆုတ်လိုက်မိသည်။ စိတ်စွမ်းအားသည်လည်း ပြန်ရုတ်သိမ်းခံလိုက်ရသဖြင့် အေးမြ ချိုမြိန်သော ရနံ့များလည်း တဖန် ပျံ့နှံ့လာပြန်သည်။



"ကျန်း... မစ္စတာ ကျန်း"



ချောင်းမိုသည် ကျန်းလော့ကျစ်ကို နှိုးရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူမ အသံက အက်ရှနေမှန်း သတိပြုမိလိုက်သည်။



အစောတုန်းက ပိုင်ယွဲ့ကွမ်းသည် ကျန်းလော့ကျစ်အတွက် အယ်လ်ဖာတစ့ယောက်ကို ရှာရန် လိုအပ်ပြီး မဟုတ်ပါက ကျန်းလော့ကျစ် သေဆုံးနိုင်သည်ဟု ပြောခဲ့သော်လည်း ချောင်းမိုသည် ကျန်းလော့ကျစ်၏ ထင်မြင်ချက်ကို အရင်မေးရန် ဆုံးဖြတ်ခဲ့သည်။



ထို့အပြင် ချောင်းမိုက အယ်လ်ဖာသည် မည်သည့်အရာဖြစ်ကြောင်းကိုလည်း သေချာမသိသေးပေ။



ကျန်းလော့ကျစ်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို တွန့်ဆုတ်စွာဖွင့်လိုက်ပြီး မူးဝေနေသေးသော နဖူးကို ပွတ်လိုက်ကာ သူ့ကိုယ်သူ ချွေးများစိုရွှဲနေပြီး ရှက်ရွံ့ရွံရှာဖွယ်ကောင်းနေသည်ကို တွေ့လိုက်ရသည်။



လှည့်ပတ်ကြည့်လိုက်တော့ ဗီလာရဲ့ မြေအောက် ကားပါကင်မှာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူနှင့် ချောင်းမိုသည် ပွဲမှထွက်ပြီးသည်နှင့် ဗီလာသို့ ပြန်လာခဲ့သည်။ လောလောဆယ်မှာတော့ ချောင်းမိုက သူ့ဘေးမှာ ရှိနေလေသည်။



နူးညံ့သောအမျိုးသမီး အရံ ဇာတ်ကောင် A နှင့် အာဏာရှင်အမျိုးသား ဇာတ်လိုက် OWhere stories live. Discover now